စစ်ဘက်ဆိုင်ရာ စူပါပါဝါဖြစ်လာရန် ခြေလှမ်းများကို အရှိန်မြှင့်မည်ဟု ကင်ဂျုံအန်ဆို

0
27

မြောက်ကိုရီးယားနိုင်ငံသည် စစ်ဘက်စူပါပါဝါနှင့် အဓိကနျူကလီးယားစွမ်းအင်ဖြစ်လာရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ ပြောကြားချက်ကို ကိုးကား၍ ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ရေးသားဖော်ပြထားသည်။

အောက်တိုဘာ ၇ ရက်က အမျိုးသားကာကွယ်ရေးတက္ကသိုလ်တွင် ပြုလုပ်သည့် မိန့်ခွန်းတွင် ကိုရီးယားကျွန်းဆွယ်ရှိ ဟန်ချက်ညီမှုကို ဗျူဟာမြောက် ချိုးဖျက်ခြင်းသည် စစ်ကို ဆိုလိုခြင်းဖြစ်ရာ မြောက်ကိုရီးယား၏ မူဝါဒလမ်းစဉ်ကို မျှတစေရန် ရည်ရွယ်၍ ရန်သူအား ထိန်းကျောင်းရန်နှင့် အခြေအနေကို ထိန်းထားရန်အတွက် “စစ်ဘက်စူပါပါဝါဖြစ်လာဖို့နဲ့ နျူကလီးယားပါဝါဖြစ်ဖို့ ကျွန်တော်တို့ရဲ့ခြေလှမ်းတွေကို အရှိန်မြှင့်မှာပါ” ဟု ကင်ဂျုံအန်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ စစ်ရေးမဟာမိတ်ဟာ သူတို့ကိုယ်တိုင် ကယောင်ကတမ်းဖြစ်ခဲ့သလိုပဲ၊ လုံးဝကို နျူကလီးယားအခြေခံဖြစ်လာ‌နေတာကြောင့်ကျွန်‌တော်တို့ရဲ့ စစ်ရေးပြင်ဆင်မှုတွေကို မြင့်မားတဲ့အဆင့်မှာ ဆက်လက်ထားရှိဖို့ လိုအပ်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (DPRK) သည် ကမ္ဘာ့အကြီးဆုံးနျူကလီးယားစွမ်းအားဖြင့် ထိပ်တိုက်ရင်ဆိုင်နေရသည်ဟုလည်း ကင်ဂျုံအန်က ဆိုသည်။

ကိုရီးယားကျွန်းဆွယ်ရှိ စစ်ရေးချိန်ခွင်လျှာကို အနှောင့်အယှက်ဖြစ်စေသည့် မည်သည့်အရာမဆို မြောက်ကိုရီးယားက သည်းခံမည်မဟုတ်ကြောင်းကိုလည်း ကင်ဂျုံအန်က အလေးပေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here