Monday, December 30, 2024

လာမည့်နှစ် ဇန်နဝါရီ ပထမဆယ်ရက်ပတ်အ တွင်း...

လာမည့်နှစ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၏ ပထမဆယ်ရက်ပတ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် အအေးလှိုင်းဖြတ်မည်/အအေးပိုမည်ဟု လူမှုကွန်ယက်စာမျက်နှာများတွင် ရေးသားဖော်ပြနေမှုများနှင့်ပတ်သက်၍ မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ပြန်လည်ရှင်းလင်းအသိပေးခဲ့ခြင်းဖြစ်သည်။ မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ ရှင်းလင်းအသိပေးချက်အရ ယနေ့...

အသက်(၈၂)နှစ်အရွယ်အပါအဝင် ပြိုင်ပွဲဝင် (၁၁၆၇)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်...

ဗိုလ်တထောင်ခရိုင်တွင် ယနေ့ ဒီဇင်ဘာ ၃၀ ရက်နံနက်ပိုင်းကကျင်းပသည့် ၂၀၂၅ ခုနှစ် (၇၇) နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တတိယအကြိမ်မြောက် Micro...

ရာသီပေါ်သီးနှံများကို ပြည်တွင်းဈေးကွက်ကိုသာ အားပြုနေရဟုဆို

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ရာသီပေါ်သီးနှံများကို ပြည်ပဈေးကွက်ထက် ပြည်တွင်းဈေးကွက်ကိုသာ အားပြုနေရကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။ ယခုအချိန်တွင် ဖရဲ၊ သခွားမွှေး ပေါ်ချိန်ဖြစ်သော်လည်း သယ်ယူပို့ဆောင်ရေး...

တောင်ကြီးတွင် စည်းကမ်းမဲ့ဆိုင်ကယ်များ ဖမ်းဆီးအရေးယူ (၃)ရက်...

ရှမ်း/တောင် တောင်ကြီးမြို့ပေါ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဥပဒေအရ စည်းကမ်းမဲ့မောင်းနှင်သည့် ဆိုင်ကယ်များ၊ ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို ဖမ်းဆီးအရေးယူလျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ထိုသို့ ဖမ်းဆီးရာ၌ တရားဝင်လိုင်စင်ဘီးများကို ယာဉ်စည်းကမ်း...
HomeNewsLocal Newsသီတင်းကျွတ်ကာလ လည်ပတ်မည့်သူများသဖြင့် ပုဂံရှိ...

သီတင်းကျွတ်ကာလ လည်ပတ်မည့်သူများသဖြင့် ပုဂံရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ ကြိုတင်ဘိုကင် ပြည့်သည်အထိဖြစ်နေ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သီတင်းကျွတ်ပွဲတော်ကာလ လာရောက်လည်ပတ်မည့်သူများသဖြင့် ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် ကြိုတင်ဘိုကင် ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှ သိရသည်။

သီတင်းကျွတ်ပိတ်ရက်ရှည်ကာလတွင် ပြည်တွင်းခရီးသွားများသည် ပုဂံ၊ မန္တလေး၊ ချောင်းသာ၊ ငွေဆောင် သို့ အများဆုံးသွားရောက်လည်ပတ်ကြကြောင်း သိရသည်။

ပုဂံဒေသတွင် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းအလုံးပေါင်း (၁၆၀)ခန့်ရှိပြီး အားလုံး၏ ရာခိုင်နှုန်း (၅၀) ဖြစ်သည့်အလုံးရေ (၈၀) ကို ခရီးသွားရာသီအမီ ဖွင့်လှစ်ထားကြောင်း သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်ရာတွင် ပုဂံဒေသရှိ သမိုင်းဝင်အထင်ကရဘုရားများကို ဖူးမြှော်ခြင်း၊ နံရံဆေးရေးပန်းချီများ လေ့လာခြင်း၊ အလှဓာတ်ပုံ ရိုက်ကူးခြင်း၊ လက်ဆွဲပန်းချီ ဆွဲကြခြင်း၊ အချို့ဘုရားဖူးများက မြင်းလှည်းစီးခြင်း၊ E-Bike အဖွဲ့လိုက်ငှားစီးခြင်းများ ပြုလုပ်ကြကြောင်း သိရသည်။

ထို့ပြင် သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း တစ်ရက်လျှင် ဘုရားဖူး ငါးသောင်းကျော်မှ တစ်သိန်းခွဲကျော်အထိ လာရောက်လေ့ရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာမည့်နှစ် ဇန်နဝါရီ ပထမဆယ်ရက်ပတ်အ တွင်း အအေးလှိုင်းဖြတ်မည်ဆိုခြင်းမှာမဟုတ်မှန်

လာမည့်နှစ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၏ ပထမဆယ်ရက်ပတ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် အအေးလှိုင်းဖြတ်မည်/အအေးပိုမည်ဟု လူမှုကွန်ယက်စာမျက်နှာများတွင် ရေးသားဖော်ပြနေမှုများနှင့်ပတ်သက်၍ မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)မှ ပြန်လည်ရှင်းလင်းအသိပေးခဲ့ခြင်းဖြစ်သည်။ မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)၏ ရှင်းလင်းအသိပေးချက်အရ ယနေ့ ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်အတွင်း စစ်ကိုင်း တိုင်း(အောက်ပိုင်း)တွင် ဇန်နဝါရီလ၏ ပျမ်းမျှညအပူချိန်အောက်(၁ ဒီဂရီဆဲလ်စီးယပ်မှ ၂ ဒီဂရီဆဲလ်စီးယပ်ခန့်)၊ ကချင်ပြည်နယ်(အထက်ပိုင်း) တွင် ဇန်နဝါရီလ၏ ပျမ်းမျှညအပူချိန်အောက်(၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်ခန့်) လျော့ကျနိုင်ကြောင်း သိရသည်။ ထို့ပြင် မန္တလေးတိုင်း၊ ပဲခူးတိုင်း(တောင်ပိုင်း)၊...

အသက်(၈၂)နှစ်အရွယ်အပါအဝင် ပြိုင်ပွဲဝင် (၁၁၆၇)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် Micro မာရသွန်ပြိုင်ပွဲ

ဗိုလ်တထောင်ခရိုင်တွင် ယနေ့ ဒီဇင်ဘာ ၃၀ ရက်နံနက်ပိုင်းကကျင်းပသည့် ၂၀၂၅ ခုနှစ် (၇၇) နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တတိယအကြိမ်မြောက် Micro မာရသွန်ပြိုင်ပွဲသို့ အ သက်(၈၂)နှစ်အရွယ်အပါအဝင် ပြိုင်ပွဲဝင် (၁၁၆၇)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ တတိယအကြိမ်မြောက် Micro မာရသွန်ပြိုင်ပွဲသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းတက်ရောက်၍ ဝန်ကြီးများရုံး၏ သိမ်ဖြူလမ်းဝင်ပေါက်(၁)နှင့် (၂)ကြားနေရာမှစကာ ပြိုင်ပွဲဝင်များအား ‌ေ-သနတ်ပစ်ဖောက်ပြီးတာလွတ်ပေးခဲ့သည်။ ပြိုင်ပွဲအား ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွန်ပံ့ပိုးမှုဖြင့် ဗိုလ်တထောင်မြို့နယ်၊ အ မှတ်(၉)ရပ်ကွက်၊ သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံးတွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အသက်(၈)နှစ်မှ(၁၂) နှစ်အထိ(အမျိုးသား/အမျိုးသမီး)၊ အသက်(၁၃) နှစ်မှ(၁၈)နှစ်အထိ(အမျိုးသား/အမျိုးသမီး)အ...

ရာသီပေါ်သီးနှံများကို ပြည်တွင်းဈေးကွက်ကိုသာ အားပြုနေရဟုဆို

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ရာသီပေါ်သီးနှံများကို ပြည်ပဈေးကွက်ထက် ပြည်တွင်းဈေးကွက်ကိုသာ အားပြုနေရကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။ ယခုအချိန်တွင် ဖရဲ၊ သခွားမွှေး ပေါ်ချိန်ဖြစ်သော်လည်း သယ်ယူပို့ဆောင်ရေး စရိတ်ကြောင့် ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိဘဲ ပြည်တွင်းဈေး၌သာ အားထားရောင်းချနေရကြောင်း သိရသည်။ " သစ်သီးအများစုကို တရုတ်ပို့တာများတယ်။ မူဆယ်ဘက်လမ်းကြောင်းကလည်း မပွင့်တော့ မိုင်းလားဘက်ကနေပို့ရတယ်။ မိုင်းလားကနေသွားတော့လည်း သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် မတင်ပို့နိုင်ဘူး" ဟု သစ်သီးကုန်သည်တစ်ဦးက ပြောသည်။ မြန်မာ့သစ်သီးဝလံပို့ကုန်တင်ပို့မှုအား တရုတ်ဈေးကွက်ကို အားထား တင်ပို့နေခြင်းဖြစ်ပြီး ပုံမှန်ထက် ၆၀ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့်သစ်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် ယခင်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071