အာဆီယံအသိုက်အဝန်းထူ‌ထောင်မှု တရုတ်အခိုင်အမာထောက်ခံ

0
15

ဗီယန်ကျင်း၊အောက်တိုဘာ ၉

တရုတ်နိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းထူထောင်မှုကို အခိုင်အမာထောက်ခံကြောင်း တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီချင်ကပြောကြားခဲ့သည်။

၎င်းအပြင်အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၌သာမက နိုင်ငံတကာရေးရာများ၌ပါ အာဆီယံ၏အခန်းကဏ္ဍပိုမို အရေးပါလာရန်ကိုလည်း ထောက်ခံပါကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အာဆီယံဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ကာ အမြင်ချင်းဖလှယ်ရန် အဆင်သင့်ရှိသကဲ့သို့ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများ၌ အာဆီယံသည် အရေးပါသောအဖွဲ့အစည်းဖြစ်လာစေဖို့ ပူးပေါင်းကြိုးပမ်းသွားရန်လည်းအသင့်ရှိကြောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံဝန်ကြီးချုပ်သည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး အာဆီယံလက်ရှိဥက္ကဌ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်၏ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့လည်း တရားဝင်ခရီးစဥ်လာရောက်မည်ဖြစ်သည်ဟုသိရသည်။

မစ္စတာလီသည် အောက်တိုဘာ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပမည့် ၂၇ ကြိမ်မြောက် တရုတ် – အာဆီယံထိပ်သီးအစည်းအဝေး၊ ၂၇ ကြိမ်မြောက် ASEAN Plus Three ထိပ်သီးအစည်းအဝေးနှင့် ၁၉ ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးတို့ကိုပါတက်ရောက်မည်ဖြစ်ကြောင်းလည်းဖော်ပြထားသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here