ရှီနှင့် တွေ့ဆုံရန် ဖင်လန်သမ္မတ တရုတ်သို့ သွားမည်

0
23

ဖင်လန်နိုင်ငံသမ္မတ အလက်ဇန်းဒါး စတပ်ဘ်သည် သမ္မတ ရှီကျင့်ဖျင်နဲ့ အခြားတရုတ်အစိုးရ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံရန်အတွက် အောက်တိုဘာ ၂၈ ရက်မှ ၃၁ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်သည်ဟု ဖင်လန်အစိုးရက အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

စတပ်ဘ်အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးအပြင် ရုရှား-ယူကရိန်းစစ်ပွဲအရေးနှင့် အခြားသောလုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးသွားမည်ဖြစ်သည်ဟု ၎င်း၏ရုံးကသတင်းထုတ်ပြန်ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက ဟောင်ကောင်မှတ်ပုံတင် ကုန်သင်္ဘောတစ်စင်းကြောင့် Balticconnector ဓါတ်ငွေ့ပိုက်လိုင်း ပျက်စီးခဲ့မှုတွင် ဆက်နွယ်ပတ်သက်နိုင်ခြေရှိသောကိစ္စပေါ်ပေါက်ခဲ့ချိန်မှစ၍ ဖင်လန်နှင့် တရုတ်အကြား ဆက်ဆံရေး သည် သိမ်မွေ့နက်နဲသောအနေအထားရောက်ခဲ့သည်။

ပိုက်လိုင်းသည် သင်္ဘောကျောက်ဆူး ဆွဲချိတ်သွားရာမှ ကျိုးပဲ့သွားခဲ့ဖွယ်ရှိသည်ဟု စုံစမ်းစစ်ဆေးချက်အရ ဖင်လန်ရဲတပ်ဖွဲ့က ကောက်ချက်ချခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ဖင်လန်နိုင်ငံ၏ စွမ်းအင်လုံခြုံရေးကို ထိခိုက်စေခဲ့ကာ ကုန်ကျစရိတ်များသည့် ခြောက်လကြာ ပြင်ဆင်မှုလုပ်ခဲ့ရသည်။

Ref: ယူအက်စ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here