ဘီးလင်းမြို့နယ်ရှိ သောင်အတွင်းရောက်နေသည့် အလွန်ရှားပါးသော ဧရာဝတီလင်းပိုင်သားအမိအား BANCA ကကယ်တင်ပေးခဲ့

0
26

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ သောင်တစ်ခုအတွင်းရောက်ရှိနေသည့် ရာဂဏန်းအောက်သာရှိတော့သော အလွန်ရှားပါးသော ဧရာဝတီလင်းပိုင်သားအမိအား ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်ရေးအသင်း (BANCA)မှ ကယ်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

BANCA မှတာဝန်ရှိသူများသည် မုတ္တမပင်လယ်ကွေ့အတွင်း ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်ညနေ ၄ နာရီခွဲခန့်က ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာ အုပ်စု၊ ကျွန်းသာယာ အပြင်သောင်အတွင်း၌ ဧရာဝတီလင်းပိုင်သားအမိ ၂ ကောင်အားတွေ့ရှိခဲ့ကြသည်။

ဧရာဝတီလင်းပိုင်အမကြီးသည် အလျား ၅ ဒသ မ ၆ ပေခန့် ဧရာဝတီလင်းပိုင်ကလေ-းငယ်သည် ၂ ဒသမ ၅ ပေခန့်ရှိပြီး ၎င်းတို့အား ရေနက်ပြီးဘေးကင်းသည့်နေရာသို့ရွှေ့ပြောင်းပေးနိုင်ရန် BANCA အဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထိုသို့ ကယ်ဆယ်မှုများပြုလုပ်ကြီးနောက် ဧရာဝတီလင်းပိုင်သားအမိအား လှေဖြင့်တင်ဆောင်ပြီးနောက် ညနေ ၄ နာရီ ၅၀ မိနစ်ကျော်ခန့်တွင် ရေနက်ပြီးဘေးကင်းသည့်နေရာတွင် ပြန်လွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဧရာဝတီလင်းပိုင်မျိုးစိတ်သည် မုတ္တမပင်လယ်ကွေ့အရှေ့ဘက်ကမ်း(မွန်ပြည်နယ်)နှင့် မုတ္တမပင်လယ်ကွေ့အနောက်ဘက်ကမ်း(ပဲခူးတိုင်း၊ရန် ကုန်တိုင်း)တို့တွင် လှည့်လည်ကျက်စားတတ်သည့် ပင်လယ်နေနို့တိုက်သတ္တဝါမျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် အကောင်ရေ ရာဂဏာန်းအောက်သာကျန်ရှိတော့သဖြင့် အရေးကြီးထိန်းသိမ်းရမည့်မျိုးစိတ်ဖြစ်ကြောင်း BANCA ကအသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here