ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းတည်ငြိမ်ရေးထိန်းသိမ်းရန်လက်တွဲဆောင်ရွက်ကြဖို့ တရုတ်တောင်းဆို

0
23
China's Foreign Ministry spokeswoman Mao Ning speaks during a press conference at the Ministry of Foreign Affairs in Beijing on January 15, 2024. (Photo by Pedro Pardo / AFP)

ပေကျင်း၊အောက်တိုဘာ ၉

ကိုရီးယားကျွန်းဆွယ်၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုထိန်းသိမ်းဖို့နှင့် ကျွန်းဆွယ်ပြသနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေး လုပ်ငန်းစဉ် တိုးတက်စေဖို့ အားလုံးက လက်တွဲ ဆောင်ရွက်ကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက တောင်းဆိုခဲ့ကြောင်းသိရသည်။

ပြုံယမ်းသည် အောက်တိုဘာ ၉ ရက်မှစကာ တောင်ကိုရီးယားနှင့်ဆက်သွယ်ထားသည့် ရထားလမ်း၊ကားလမ်းများကို အပြီးဖျက်သိမ်းပြီး လုံခြုံရေးအတွက်နယ်စပ်စစ်ရေးအင်အားကို တောင့်တင်းခိုင်မာအောင်ပြုလုပ်တော့မည်ဟုလည်းကြေငြာချက်ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားသည် ယခုအချိန်မှစ၍ ၎င်း၏ပိုင်နက်နယ်‌မြေကို တောင်ကိုရီးယားထံမှ လုံးဝခွဲထွက်ကာ စစ်ရေးအရအင်အားတောင့်တင်းနေဖို့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံအနေဖြင့်လည်း ကိုရီးယားကျွန်းဆွယ်အရေးနှင့်ပတ်သက်ပြီး နှစ်နိုင်ငံ၏ ပြောင်းလဲမှုများ၊အဆင်မပြေဖြစ်မှုများကို အနီးကပ်စောင့်ကြည့်နေသည်ဟုလည်း ပြောရေးဆိုခွင့်ရသူ မစ္စမော်နင်က ပြောကြားခဲ့သည်။

“ကိုရီးယားကျွန်းဆွယ်မှာ ငြိမ်းချမ်းတည်ငြိမ်ရေးကို လက်ကိုင်ထားပြီး နိုင်ငံရေးအရပြေလည်မှု လုပ်ငန်းစဉ်ကို ရှေ့တိုး နိုင်အောင် လုပ်ဆောင်တာဟာ သက်ဆိုင်သူအားလုံးရဲ့ဘုံအကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်၊ဒါဟာ နိုင်ငံတကာ အသိုက်အဝန်းက မျှော်လင့်ထားတဲ့အရာပါပဲ” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here