အမျိုးသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီးမှ အားကစားသမားများလေ့ကျင့်မှုများပြုလုပ်နေ

0
12

၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီးမှ အားကစားသမားများသည် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမနှင့် သတ်မှတ်အားကစားရုံများအတွင်း လေ့ကျင့်မှုများ လုပ်ဆောင်နေကြကြောင်း သိရသည်။

မြန်မာ့သိုင်း၊ ဗိုဗီနမ်၊ ခြင်းလုံး၊ ဘောလုံး၊ ဖူဆယ်နှင့် ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားသမားများမှ တိုင်းဒေသကြီးကိုယ်စားပြု ယှဉ်ပြိုင်သွားရန် လေ့ကျင့်နေကြခြင်းဖြစ်သည်။

အားကစားသမားများ လေ့ကျင့်နေမှုများကို အောက်တိုဘာလ (၉) ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။

“အားကစားနည်းများအလိုက်ဆုရရှိအောင် လေ့ကျင့်ကြိုးစားယှဉ်ပြိုင်သွားကြဖို့လိုအပ်ပါတယ်။ ပြိုင်ပွဲဝင်ကြမယ့် အားကစားသမားများအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးဂုဏ်ကို အားကစားနဲ့ အစွမ်းကုန်မြှင့်တင်နိုင်ဖို့အတွက် အချိန်ကိုအကျိုးရှိရှိ အသုံးချလေ့ကျင့်သွားကြဖို့ လိုအပ်ပါတယ်”ဟုဝန်ကြီးချုပ် ဦးမြတ်ကျော်က အားပေးတိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို လာမည့်ဒီဇင်ဘာလအတွင်း ခမ်းနားစွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေပြီး ဝန်ကြီးဌာနအဆင့် အားကစားနည်း ၆ နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်း၊ မသန်စွမ်းအားကစားနည်း ၄ နည်း ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here