ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များပြေးဆွဲရာတွင် လုံခြုံရေးကိုအထူးဂရုပြုရန် ဧရာဝ တီတိုင်းဝန်ကြီးချုပ်မှာကြား

0
5

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ပုသိမ်လေဆိပ်သို့ ခ ရီးသည်လေယာဥ်များပြေးဆွဲရာတွင် လုံခြုံရေးကိုအထူးဂရုပြုရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက မှာကြားခဲ့သည်။

ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စ တင်ပျံသန်းပြေးဆွဲနိုင်ရေးနှင့်ပတ်သက်၍ လုပ် ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ အောက်တိုဘာ ၉ ရက်မွန်းလွဲပိုင်းက တိုင်းအစိုးရအဖွဲ့ရုံး၌ကျင်းပစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက ခရီးသည်များအား လိုအပ်မည့်ဝန်ဆောင်မှုများပေးရန်လိုပြီး ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များပြေးဆွဲမှုများကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်လိုအပ်ကာ လေယာဉ်ခရီးစဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများက အချိတ်အဆက်မိမိဖြင့် စုပေါင်းဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။

အဆိုပါ ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဥ်များပြေးဆွဲနိုင်ရန်ဆောင်ရွက်နေခြင်းနှင့်ပတ် သက်၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ဒု-ဝန်ကြီးက ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင်ပျံသန်းပြေးဆွဲနိုင်ရေးလုပ်ငန်းဆောက်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့အတူ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ်က ခရီးသည်လေယာဉ်များ ဆင်း/တက်အသုံးပြုနိုင်ရန် ဆောင်ရွက်ထားရှိမှု၊ ပုသိမ်လေဆိပ်ရှိ ဝန်ထမ်းအင်အား၊ ခရီးသည်များ ဝင်/ထွက်အသုံးပြုနိုင်ရေးအတွက် လက်ရှိအဆောက်အဦအနေအထားများနှင့် လေယာဉ်ခရီးစဉ်ပြေးဆွဲမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးမှလည်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် ပုသိမ်လေယာဉ်ကွင်းအ ဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ပုသိမ်လေယာဉ် ကွင်း၊ အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here