“ငြိမ်းချမ်းကြွယ်ဝသောဒေသဆီသို့ တက်ညီ လက်ညီလှော်ခတ်ခြင်း”ခေါင်းစဥ်ဖြင့် (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးစတင်ကျင်းပ

0
25

မြန်မာနိုင်ငံမှ ဒုတိယအကြိမ် အိမ်ရှင်အဖြစ်လက်ခံ၍ကျင်းပသည့် (၁၈)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးကို “ငြိမ်းချမ်းကြွယ်ဝသောဒေသဆီသို့ တက်ညီလက်ညီလှော်ခတ်ခြင်း”ခေါင်းစဥ်ဖြင့် ရွေးချယ်ထားပြီး အောက်တိုဘာ ၁၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ M Gallery Hotel ၌ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကိုယ်စား) နစက အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေးက တက်ရောက်အမှာစကားပြောကြားရာ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများနှင့်သာမက အိမ်နီးချင်းနိုင်ငံများနှင့်လည်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် အာဆီယံဒေသရေပြင်သည် အာဆီယံနိုင်ငံများအတွင်းမှီတင်းနေထိုင်သည့် နိုင်ငံသူ၊ နိုင်ငံ သားအားလုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေသည့်ရပ်ဝန်းဖြစ်၍ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် သာယာဝပြောရေးတို့ကို ဦးစားပေးဆောင်ရွက်ပြီး အာဆီယံရေပြင်များအတွင်း အခြားပြင်ပစွက်ဖက်မှုများမရှိစေရေးကို ပိုမိုသတိထားဆောင်ရွက်သင့်သည်ဟု ပြောသည်။

ထို့ကြောင့် မိမိတို့အာဆီယံပင်လယ်ပြင်တွင် ဒေသတွင်းရေကြောင်းဘေးကင်းလုံခြုံမှုနှင့် တည် ငြိမ်ရေးတို့အတွက် အာဆီယံရေတပ်များကြား အတူတကွလက်တွဲကျော်ဖြတ်ရမည်ဟုလည်းပြောကြားခဲ့သည်။

အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒု-ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ဘရူနိုင်းနိုင်ငံ ယာယီရေတပ်ဦးစီးချုပ် Captain Haji Mohamad Sarif Pudin Bin Matserudin ၊ ကမ္ဘောဒီးယား ဒု-ရေ တပ်ဦးစီးချုပ် Vice Admiral Sam Sokha၊ လာအိုပြည်သူ့တပ်မတော်စစ်ဦးစီးဌာန ဒု-အကြီးအ ကဲ Major General Vanthong Bouttavong ၊ ဗီယက်နမ်ပြည်သူ့ရေတပ် ဒု-ရေတပ်ဦးစီးချုပ် Rear Admiral Pham Nhu Xuan ၊ ထိုင်းဘုရင့်တပ်မတော်ရေတပ်ထောက်လှမ်းရေးဌာန ညွှန် ကြားရေးမှူးချုပ် Vice Admiral Puchong Pradittheera ၊ တော်ဝင်မလေးရှားရေတပ် နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး Captain Mohd Irwan bin Che Mohd Rani RMN ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားစစ်သံမှူး Captain (Navy) Taufiq Darlem, S.T ၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်စစ်သံမှူး Colonel Jose P Navarro JR PA(MNSA)နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here