ဒေသတွင်းတင်းမာမှုများ၌ အာဆီယံသည် တည်ငြိမ်ရေးကဏ္ဍမှသာပါမည်

0
17
ASEAN Secretary-General Kao Kim Hourn attends the 27th ASEAN-China Summit during the 44th and 45th Association of Southeast Asian Nations (ASEAN) Summits in Vientiane on October 10, 2024. (Photo by NHAC NGUYEN / AFP)

ဗီယန်ကျင်း၊အောက်တိုဘာ ၁၀

မြန်မာ့ပြည်တွင်းစစ်အရေးအပါအဝင် တောင်တရုတ်ပင်လယ်အတွင်းတင်းမာမှုများအစရှိသည့် ဒေသတွင်းတင်းမာမှုအခြေအနေများတွင် အာဆီယံသည် တည်ငြိမ်ရေးအင်အားစုအခန်းကဏ္ဍမှသာပါဝင်မည်ဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်ကဆိုသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံပါဝင်သည့် အာဆီယံခေါင်းဆောင်များသည် အမေရိက၊တရုတ်၊ဂျပန်နှင့် ရုရှားအပါအဝင် မိတ်ဖက်နိုင်ငံများမှ အစိုးရအကြီးအကဲများ၊ထိပ်တန်းသံတမန်များနှင့် ယခုသီတင်းပတ်အတွင်း လာအို၌တွေ့ဆုံဆွေးနွေးကြခြင်းဖြစ်သည်။

လူဦးရေ ၆၈၅ သန်းကျော်နေထိုင်ပြီး ကမ္ဘာ့ပို့ကုန်များ၏ ၈ ရာခိုင်နှုန်းခန့်ရှိသည့် အာဆီယံအဖွဲ့သည် ခက်ခဲသော ဒေသတွင်းကိစ္စရပ်များအတွက် ဆုံးဖြတ်ချက်များ မချမှတ်နိုင်ခဲ့သဖြင့် ဒေသတွင်းပြဿနာများသည် အာဆီယံ၏ အဓိကကျသောအခန်းကဏ္ဍကိုထိခိုက်စေနိုင်သည့် အန္တရာယ်များဖြစ်လာနိုင်သည်ဟုလည်း လေ့လာသုံးသပ်သူများက‌ပြောကြားကြသည်။

သို့သော် အာဆီယံအတွင်းရေးမှူးချုပ် Kao Kim Hourn ကမူ အာဆီယံအဖွဲ့သည် တွေ့ဆုံဆွေးနွေးရေးနှင့် သံတမန်ရေး နည်းလမ်းအရဖြေရှင်းရေးကိုသာ အဆက်မပြတ်တွန်းအားပေးခဲ့ပြီး စေ့စပ်ညှိနှိုင်းမှုများကို ရှေ့တိုးလုပ်ဆောင်နိုင်ရန် အာမခံကြောင်းပြောကြားခဲ့သည်။

မြန်မာ့အရေးနှင့်ပတ်သက်၍လည်း အလျင်စလိုလုပ်ပြီးဖြေရှင်း၍မရကြောင်း၊ မြန်မာ့ပဋိပက္ခသည် ရှုပ်ထွေးသဖြင့် အချိန်နှင့်စိတ်ရှည်မှုလိုအပ်ကြောင်းကိုလည်းပြောကြားခဲ့သည်။

အလားတူပင် ဒေသတွင်းအခြားပြဿနာတစ်ခုဖြစ်သည့် တောင်တရုတ်ပင်လယ်အရေးသည်လည်း ဖြေရှင်းရမည့်ပြဿနာများတွင်ပါဝင်သည်။အဆိုပါကိစ္စများအတွက် ညှိနှိုင်းရေးလမ်းကိုသာရွေးရန်လည်း အာဆီယံကတိုက်တွန်းထားသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here