အသက်မပြည့်သေးသည့် မိန်းကလေးငယ်ကို အပျော်ကြံပြီးကိုယ်ဝန်ရှိလာချိန်၌ ဓားဖြင့်ထိုးသတ်ခဲ့သူကိုဖမ်းဆီးရမိ

0
6

မွန်ပြည်နယ်၊ ပေါင်မြို့၊ ဇင်းကျိုက်ရပ်ကွက်နေ အသက်မပြည့်သေးသည့်မိန်းကလေးငယ်အား အပျော်ကြံပြီးကိုယ်ဝန်ရှိချိန်၌ ဓားဖြင့်ထိုးသတ်ခဲ့သည့် အသက်(၁၇)နှစ်အရွယ်လူငယ်ကိုဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဇင်းကျိုက်ရပ်ကွက်နေ အသက်(၁၄)နှစ်အရွယ်ရှိ မိန်းကလေးငယ်သည် အောက်တိုဘာ ၆ ရက်နေ့လည်ပိုင်းက ရေတွခွန်သို့သွားမည်ဟုပြောဆိုကာ နေအိမ်မှထွက်ခွာသွားပြီးနောက် ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရှာဖွေမှုများပြုလုပ်ခဲ့ရာ မိန်းကလေးငယ်အား ယမန်နေ့ အောက်တိုဘာ ၁၀ ရက်နံနက်ပိုင်းက ပန်းကုန်းကျေးရွာ၊ စိတ္တသုခလမ်း (အောက်ပိုင်း)ရှိတောစပ်၌ အဝတ်အစားများကျွတ်၍ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။

” ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတာတွေကိုဆက် တိုက်လုပ်ခဲ့တာကြောင့် သူအိမ်ကနေထွက်သွားတဲ့ရက်က လူငယ်တစ်ယောက်သူ့ကိုဆိုင်ကယ်နဲ့တင်ခေါ်သွားတာကိုသိရတာနဲ့ အဲဒီလူငယ်ကိုဖမ်း ဆီးခဲ့ကြတယ်။ ဖမ်းမိတဲ့ရက်အတိအကျကိုတော့မသိပါဘူး။ ကျွန်တော်တို့သိရသလောက်ဆိုရင် ကောင်မလေးကို အပျော်ကြံတယ် ကိုယ် ဝန်ရှိလာတော့ အတည်ယူဖို့ပြောတဲ့အချိန် သတ်လိုက်တာလို့စစ်ဆေးပေါ်ပေါက်ထားတယ်။ အဲဒီကောင်လေးက ကောင်မလေးရဲ့နားကပ်ကိုပါဖြုတ်ယူသွားတယ်လို့သိထားပါတယ်”ဟု ဒေသ ခံတစ်ဦးကပြောသည်။

လက်ရှိအချိန်၌ အသက်မပြည့်သေးသည့် မိန်းက လေးငယ်အား ဓားဖြင့်ထိုးသတ်ခဲ့သူ ထွန်းထွန်းဝင်း(၁၇)နှစ်အား ဇင်းကျိုက်နယ်မြေစခန်း၌ ဖမ်း ဆီးထားပြီး တရားစွဲဆိုတင်ပို့နိုင်ရန် တာဝန်ရှိသူ များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here