နို့ဘဲလ်ဆုသည် နျူကလီးယားချောက်ကမ်းပါးစွန်းရောက်ကမ္ဘာကို သတိပေးနေ

0
19

ဟီရိုရှီးမားနှင့် နာဂါဆာကီ၏ အဏုမြူဗုံးဒဏ်မှ အသက်ရှင်လွတ်မြောက်လာသူများ၏ လှုပ်ရှားမှုအဖွဲ့ကို နို့ဘဲလ်ငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့ခြင်းသည် နျူကလီးယားစစ်ပွဲနှင့် ဘယ်သောအခါကမျှ နီးကပ်ခဲ့ဖူးခြင်းမရှိသော ကမ္ဘာကြီးတွင် ကျယ်ပြန့်သော စိုးထိတ်မှုများဖြစ်ပေါ်လာခြင်းကို ထင်ဟပ်စေသည်။

လွန်ခဲ့သော သီတင်းပတ်အနည်းငယ်အတွင်း ရုရှားသည် ၎င်း၏ နျူကလီးယားလက်နက်များ ထုတ်သုံးခြင်းဆိုင်ရာ ကန့်သတ်ချက်ကို လျှော့ချခဲ့ပြီး ယူကရိန်းကို ထောက်ပံ့နေခြင်းဖြင့် နျူကလီးယားစစ်ဖြစ်လာနိုင်သည့် မော်စကိုနှင့် တိုက်ရိုက်ပဋိပက္ခအတွင်း ရောက်ရှိသွားစေနိုင်သည်ဟု အမေရိကနှင့် သူ၏ မဟာမိတ်များကို သတိပေးသည်။

အရှေ့အလယ်ပိုင်းဒေသတွင်လည်း နျူကလီးယားထိပ်ဖူး ၉၀ ခန့်ပိုင်ဆိုင်သည်ဟု လက်နက်ကျွမ်းကျင်သူများ ယုံကြည်ထားသည့် အစ္စရေးသည် အီရန်နှင့် ထိပ်တိုက်တည်နေသည်။ အီရန်က ငြင်းထားသော်လည်း ၎င်း၏ ကိုယ်ပိုင်အဏုမြူလက်နက်များတီထွင်နေသည်ဟု ယုံကြည်ရသော အဆောက်အအုံများကို အစ္စရေးက တိုက်ခိုက်လာနိုင်သည်ဟု ထင်ကြေးပေးမှုများရှိနေသည်။

အခြားတစ်ဖက်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က သူ့နိုင်ငံကို စစ်အင်အားကြီးနှင့် နျူကလီးယား အင်အားကြီးနိုင်ငံဖြစ်လာရန် အရှိန်မြှင့်ကြိုးပမ်းသွားမည်ဟု ယခုသီတင်းပတ်တွင် ကြေညာခဲ့သည်။ အမေရိကန်သိပ္ပံပညာရှင်များအဖွဲ့က မြောက်ကိုရီးယားတွင် နျုကလီးယားထိပ်ဖူး ၅၀ ခန့် ရှိနေခဲ့ပြီဟု ခန့်မှန်းထားသည်။

“ရုရှားက နျူကလီးယားလက်နက်တွေ ထုတ်သုံးမယ်လို့ ခြိမ်းခြောက်လာချိန်၊ နျူလက်နက်နိုင်ငံအားလုံးက လက်နက်ပြန်လည်တပ်ဆင်မှုတွေလုပ်ကာ လက်နက်ထိန်းချုပ်ရေးစာချုပ်တွေ ပျက်ပြယ်လာတဲ့ ဒီလိုအချိန်မျိုးမှာ ဒီသတိပေးအချက်ပြမှုက လိုအပ်ပါတယ်” ဟု ဟမ်းဘတ် ငြိမ်းချမ်းရေး သုတေသနနှင့် လုံခြုံရေးပေါ်လစီ အင်စတီကျူ့မှ လက်နက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Urich Kuehn က ပြောဆိုခဲ့ပြီး နျူလက်နက်ကင်းစင်ရေးလှုပ်ရှားသည့် ဂျပန်အဖွဲ့အစည်း Nihon Hidankyo ကို နို့ဘဲလ်ဆု ပေးအပ်ခဲ့ခြင်းအား ချီးကျူးသွားခဲ့သည်။

ချီးမြှင့်ခဲ့သော နို့ဘဲလ်ငြိမ်းချမ်းရေးဆု အနည်းငယ်သည် ၎င်းတို့ ပေးလိုသည့် သတင်းစကားအတွက် ပို၍ အချိန်ကိုက်၊ ပို၍ထိုက်တန်ကာ ထူးခြားမှုရှိခဲ့သည်ဟု ငံတကာဥပေဒတက္ကသိုလ်မှ Magnus Lovold က ပြောဆိုခဲ့သည်။

Ref: ယူအက်စ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here