(၇) လတိုင်တိုင် ကျင်းပမည့် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လပြည့်နေ့တွင် စတင်ဖွင့်လှစ်မည်

0
5

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ (၁၇) ရက်တွင် စည်ကားသိုက်မြိုက်စွာ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁၇) ရက် သီတင်းကျွတ်လပြည့်နေ့မှ ၂၀၂၅ ခုနှစ် မေလ (၁၁) ရက် ကဆုန်လပြည့်နေ့အထိ (၇) လတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကျင်းပသွားမည်ဖြစ်ကြောင်းဆံတော်ရှင်ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ သိရသည်။

အနယ်နယ် အရပ်ရပ်မှ ဘုရားလာရောက်ဖူးမြော်သူများ အဆင်‌ပြေချောမွေ့စွာ တောင်တော်‌ပေါ်တက်‌ရောက်နိုင်ရန် တောင်တက်ကား အစီး (၁၅၀)ကို နေ့စဉ်ပြေးဆွဲ‌ပေးမည်ဖြစ်‌ကြောင်းနှင့် ခရီးသွားများ အန္တရာယ်ကင်းစင်ရေး တောင်တက်ကားများ၏ ကြံ့ခိုင်မှုများကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် တောင်ပေါ်တွင် စားသောက်ရေး၊ တည်းခိုနေထိုင်နိုင်ရေးအတွက် တည်းခို‌ဆောင်များ၊ ထမင်းဆိုင်များနှင့်အမှတ်တရပစ္စည်းအ‌ရောင်းဆိုင်များမှာလည်း ဆိုင်ခန်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်များထံမှ သိရသည်။

Photo Credit


LEAVE A REPLY

Please enter your comment!
Please enter your name here