မြောက်ဒဂုံတွင် တက္ကစီတစ်စီး ဘီးပေါက်ကာ ကား(၃)စီး ဆင့်တိုက်မှုဖြစ်ပွားပြီး လူ(၃)ဦး ဒဏ်ရာရ

0
15

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်တွင် အငှားယာဉ် Probox တစ်စီး ဘီးပေါက်ကာ ကား(၃)စီး ဆင့်တိုက်မှုဖြစ်ပွားရာ (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံများနှင့် သွားရောက်ကူညီသည့် ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းတို့ထံမှ သိရသည်။

မြောက်ဒဂုံမြို့နယ်၊ (၃၈)ရပ်ကွက်၊ တပင်ရွှေထီးလမ်းနှင့် ဦးရွှေဇံအောင်လမ်းထောင့်တွင် အောက်တိုဘာ (၁၁)ရက်၊ ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်၍ ထိခိုက်ဒဏ်ရာရရှိသူများရှိသဖြင့် လာရောက်ကူညီပေးရန် တာဝန်သိ ပြည်သူတစ်ဦးမှ ဖုန်းဆက်အကူညီတောင်းသဖြင့် ဒဂုံမြို့သစ်ခရိုင်မှ ဝန်းရံမှူး လူမှုကူညီကယ်ဆယ်ရေးအသင်းရုံးချုပ်မှ ကူညီရန်ထွက်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါ အငှားယာဉ်မှာ ဘီးပေါက်၍ ကား (၃)စီးအား ဆင့်တိုက်မိပြီး လမ်းဘေးရှိ သစ်ပင်ကို ထပ်မံတိုက်မိကာ ရပ်တန့်သွားခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ ဒေသခံတို့က ဆိုသည်။

အခင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရ အဝါရောင်အဆင့် အမျိုးသား လူနာ(၁)ဦး အစိမ်းရောင်ဆင့် အမျိုးသား လူနာ (၂)ဦးတို့အား မြေပြင်ကုသမှုများပြုလုပ်ပေးပြီး ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်းမှ အရေးပေါ်လူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here