တရုတ်ဝန်ကြီးချုပ် ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ဖြင့်ရောက်ရှိ

0
10
Vietnam's Prime Minister Pham Minh Chinh (R) and China's Premier Li Qiang (L) wave as they pose for a photo during a meeting at the Government Office in Hanoi on October 13, 2024. (Photo by LUONG THAI LINH / POOL / AFP)

ဟနွိုင်း၊အောက်တိုဘာ ၁၂

တရုတ်ဝန်ကြီးချုပ် မစ္စတာလီချင်သည် ဗီယက်နမ်ဝန်ကြီးချုပ်၏ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ဖြင့်ရောက်ရှိလာကြောင်းသိရသည်။

တရုတ်နှင့်ဗီယက်နမ်ကြား အစဉ်အလာချစ်ကြည်ရင်းနှီးမှုသည် ရှည်လျား‌သောသမိုင်း‌ကြောင်း ရှိကြောင်း လီက ပြောကြားပြီး မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ မဟာဗျူဟာ မြောက်သောလမ်းညွှန်မှုအောက်တွင် နှစ်နိုင်ငံ၏ဆက်ဆံရေးသည် ဖြည်းဖြည်းနှင့်မှန်မှန်တိုးတက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။

ယခုနှစ်အစပိုင်းကတည်းက နှစ်နိုင်ငံအကြား အဆင့်မြင့် အရာရိကြီးများ အပြန်အလန် လည်ပတ်ကာ နယ်ပယ်အသီးသီး၌ အကျိုးဖြစ်ထွန်း‌သောပူးပေါင်းဆောင်ရွက်မှုများရရှိခဲ့ကြပြီး တရုတ် – ဗီယက်နမ် အသိုက်အဝန်းတည်ဆောက်ရေးကို ကောင်းမွန်စွာ စတင်ခဲ့ကြောင်းကိုလည်းပြောကြားခဲ့သည်။

ဩဂုတ်လက တရုတ်သမ္မတနှင့် ဗီယက်နမ်သမ္မတတို့တွေ့ဆုံစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်နိုင်ငံ ဆက်ဆံရေး ကို ပိုမို တိုးမြှင့်ရေးအတွက် လမ်းကြောင်းချကာ မဟာဗျူဟာမြောက်သောစီမံကိန်းကို ချမှတ်ခဲ့ကြသည်ဟုလီက ပြောသည်။

ရာစုနှစ်တစ်ခုအတွင်းဖြစ်ပေါ်လာသည့် မမြင်ဘူးသည့်အပြောင်းအလဲများနှင့် ကြီးထွားလာသော ကမ္ဘာ့အန္တရာယ်များ၊စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် တရုတ်နှင့်ဗီယက်နမ်တို့သည် စည်းလုံးညီညွတ်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှုကို ခိုင်မာစေကာ ငြိမ်းချမ်းရေးမြှင့်တင်ပြီး ဘုံဖွံ့ဖြိုးတိုးတက်မှုကိုရယူရန် လက်တွဲသင့်သည်ဟုလည်း လီကပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here