နျူစစ်ပွဲ အန္တရာယ်ကြီးမားလာဟု ငြိမ်းချမ်းရေး နို့ဘဲလ်ဆုရှင်များ သတိပေး

0
28
People pray in front of the cenotaph at the Hiroshima Peace Memorial Park in Hiroshima city on October 12, 2024. - The Nobel Peace Prize was on October 11, 2024 awarded to the Japanese anti-nuclear group Nihon Hidankyo, a grassroots movement of atomic bomb survivors from Hiroshima and Nagasaki, also known as Hibakusha. (Photo by Philip FONG / AFP)

ငြိမ်းချမ်းရေး နို့ဘဲလ်ဆု ချီးမြှင့်ခံခဲ့ရသည့် အဏုမြူဗုံးဒဏ်မှ အသက်ရှင်လွတ်မြောက်ခဲ့သူများအဖွဲ့အစည်း၏ ခေါင်းဆောင်များက ကမ္ဘာကြီးတွင် နျူကလီးယားစစ်ပွဲ အန္တရာယ် ကြီးမားလာကြောင်း စနေနေ့တွင် သတိပေးခဲ့ပြီး နျူကလီးယားလက်နက်များ ဖျက်သိမ်းကြရေး ၎င်းတို့၏ တောင်းဆိုနေမှုကို ထပ်လောင်း ပြုလုပ်ခဲ့ကြသည်။

“နိုင်ငံတကာ အခြေအနေက တဖြည်းဖြည်း ပိုဆိုးလာနေပြီး လက်ရှိဖြစ်နေတဲ့ စစ်ပွဲတွေမှာ နျူကလီးယားလက်နက်တွေ ထုတ်သုံးဖို့ကို နိုင်ငံတွေက ခြိမ်းခြောက်လာပါတယ်” ဟု ၁၉၄၅ ခုနှစ်တွင် နာဂါဆာကီမြို့ကို အမေရိက,က ဗုံးကြဲခဲ့မှုတွင် အသက်ရှင်လွတ်မြောက်ခဲ့သူဖြစ်သော Nihon Hidankyo ဒုတိယ ဥက္ကဌ ရှီဂီမစ်ဆု တာနာကာက ပြောဆိုသည်။

“လူသားမျိုးနွယ်ဟာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမယ့် လမ်းကြောင်းပေါ် လျှောက်လှမ်းနေလို့ ကျွန်တော် ပူပန်မိပါတယ်။ ဒါကို ရပ်တန့်ပစ်ဖို့ တစ်ခုတည်းသော နည်းလမ်းက နျူကလီးယား လက်နက်တွေကို ဖျက်သိမ်းပစ်ဖို့ပါပဲ” ဟု သူက ပြောကြားခဲ့သည်။

အနုမြူဗုံးဒဏ်မှ အသက်ရှင်လွတ်မြောက်ခဲ့သူများကို နို့ဘဲလ်ဆု ပေးအပ်ခဲ့ရာတွင် ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့များ၌ အဏုမြူဗုံး၏ အဖျက်စွမ်းအားကြီးမားပုံနှင့် ဂျပန်အဖွဲ့အစည်း၏ နျူကလီးလက်နက်ကင်းစင်သော ကမ္ဘာကြီးဖြစ်လာရေး ဆယ်စုနှစ်များစွာကြာ ကြိုးပမ်းလုပ်ဆောင်ခဲ့မှုတို့ကို နော်ဝေ နို့ဘဲလ် ဆုရွေးချယ်ရေးကော်မီတီက အလေးပေး ဖော်ပြခဲ့သည်။

အဖွဲ့အစည်း၏ ကြိုးပမ်းအားထုတ်မှုများသည် ယနေ့ကမ္ဘာ့အခြေအနေတွင် အလွန်တရာ အရေးပါသည်ဟု ကော်မတီက ပြောကြားခဲ့ပြီး နိုင်ငံတစ်ခုခုကို အတိအကျ ရည်ညွှန်းပြောဆိုခဲ့ခြင်းမျိုး ကိုမူမပြုခဲ့ပေ။

Ref: အာရပ်နူးစ်

People pray in front of the cenotaph at the Hiroshima Peace Memorial Park in Hiroshima city on October 12, 2024. – The Nobel Peace Prize was on October 11, 2024 awarded to the Japanese anti-nuclear group Nihon Hidankyo, a grassroots movement of atomic bomb survivors from Hiroshima and Nagasaki, also known as Hibakusha. (Photo by Philip FONG / AFP)

LEAVE A REPLY

Please enter your comment!
Please enter your name here