ဝါရှင်တန်၊အောက်တိုဘာ ၁၃
အရှေ့တောင်အာရှနိုင်ငံများက မူကြမ်းရေးဆွဲထားသော အရှေ့အာရှထိပ်သီးအစည်းအဝေးအတွက် အဆိုပြုထားသည့် အားလုံး သဘောတူညီမှုကြေငြာချက်ကို ရုရှားနှင့်တရုတ်တို့က တောင်တရုပ် ပင်လယ်အရေး နှင့် ပတ်သက်သော စကားလုံး အသုံးအနှုန်း ကို အဓိကထား၍ ကန့်ကွက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးကပြောကြားခဲ့သည်။
နိုင်ငံ (၁၀) နိုင်ငံက သဘောတူညီထားသည့် အဆိုပါကြေငြာချက်မူကြမ်းကို လာအိုနိုင်ငံ၌ ကြာသပတေးနေ့ညနေပိုင်းက ကျင်းပသည့် အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် တင်သွင်းခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
“အာဆီယံက နောက်ဆုံးမူကြမ်းကိုတင်ပြခဲ့ပြီး အခြေခံအားဖြင့်တော့ အဲ့ဒီမူကြမ်းက လက်ခံမလား၊ထွက်ခွာမလားဆိုတဲ့မူကြမ်းအမျိုးအစားတစ်ခုပါပဲ” ဟု အမည်မဖော်လိုသူအရာရှိတစ်ဦးကပြောကြားခဲ့သည်။
အမေရိက၊ဂျပန်၊ဩစတေးလျ၊တောင်ကိုရီးယားနှင့် အိန္ဒိယတို့က မူကြမ်းကိုထောက်ခံနိုင်ကြောင်းပြောကြားခဲ့ပြီး ရုရှားနှင့်တရုတ်တို့က ၎င်းတို့အနေဖြင့် ကြေငြာချက်ကို လက်မခံနိုင်သည့်အတွက် ဆက်လက်လုပ်ဆောင်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။
ယခုကိစ္စနှင့်ပတ်သက်၍ ဝါရှင်တန်ရှိတရုတ်သံရုံးအားဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
တရုတ်နိုင်ငံဘက်ကအဆိုပြုထားသည့် တောင်တရုတ်ပင်လယ်အားလုံးနီးပါးကို တရုတ်ကပိုင်ဆိုင်သည်ဟူသောအချက်ကို အာဆီယံနိုင်ငံများကငြင်းဆိုထားပြီး တရုတ်နိုင်ငံဘက်ကလည်းလက်မခံခဲ့ပေ။
အာဆီယံသည် တရုတ်ကို ပင်လယ်ပြင်ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCLOS) ကိုအခြေခံ၍ မဟာဗျူဟာကျသည့်တောင်တရုတ်ပင်လယ်အရေးအတွက် ကျင့်ထုံးဥပဒေတစ်ရပ်ကို ပေကျင်းနှင့် နှစ်ပေါင်းများစွာစေ့စပ်ဆွေးနွေးခဲ့ပြီး အာဆီယံနိုင်ငံအချို့ကမူ တရုတ်အနေဖြင့် UNCLOS ကိုအခြေခံကျင့်သုံးရန်တောင်းဆိုခဲ့ကြကြောင်းသိရသည်။
သို့သော် တရုတ်နိုင်ငံဘက်မှ အဆိုပါအချက်အားကန့်ကွက်ထားပြီး ၎င်းအနေဖြင့် UNCLOS ကိုလည်းလက်ခံကျင့်သုံးမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။
Source : ဘန်ကောက်ပို့စ်