တောင်ကိုရီးယားနှင့်ကား၊ရထား လမ်းများကိုလုံးဝပိတ်ဆို့ပြီးဖြစ်–ပြုံယမ်း

0
16
This picture taken on October 15, 2024 and released from North Korea's official Korean Central News Agency (KCNA) via KNS on October 17, 2024 shows an explosion as North Korea's army blows up roads and railways connecting to South Korea, at an unconfirmed location in North Korea. - North Korea confirmed that it has blown up sections of roads and railways leading to South Korea, calling it a "hostile state", North Korean state media reported on October 16. (Photo by KCNA VIA KNS / AFP)

ဆိုးလ်၊အောက်တိုဘာ ၁၆

ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ (DPRK) က ‌၎င်း၏တောင်ပိုင်းနယ်စပ်မှ အရှေ့ဘက်နှင့်အနောက်ဘက်ရှိ တောင်ကိုးရီးယားသို့ဆက်သွယ်ထားသော ကားလမ်းများနှင့် မီးရထားလမ်းများကို လုံးဝပိတ်ဆို့ထားလိုက်ပြီဖြစ်ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) ကဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့ကတည်းက တောင်ကိုရီးယားနှင့်ဆက်ထားသည့် ရထားလမ်း၊ကားလမ်းများကို ကိုရီးယား အလုပ်သမားပါတီ ဗဟိုစစ်ကော်မရှင်၏အမိန့်အရ ကိုရီးယားပြည်သူ့တပ်မတော် (KPA) ရဲ့ စစ်ဦးစီး အရာရှိချုပ်ကဖြတ်တောက်ပစ်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၅ ရက်နေ့တွင်  Kamho-ri ၊ Kosong County၊ Kangwon ပြည်နယ်ရှိ မီတာ ၆၀ ရှည်သည့်ကားလမ်းနှင့်ရထားလမ်းပိုင်းများ ပန်မွန်ခရိုင် Tongnae-ri ရှိမီတာ ၆၀ အရှည်ရှိသည့် ကားလမ်းနှင့်ရထားလမ်းများကိုပါ ဖောက်ခွဲဖျက်ဆီးခဲ့ပြီး Kaesong မြူနီစပယ်ကိုလည်း လုံးလုံးလျားလျားပိတ်ဆို့ထားပြီးဖြစ်သည်ဟု မြောက်ကိုရီးယားအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

လမ်းများကို ဖောက်ခွဲဖျက်ဆီးခဲ့သော်လည်း ပတ်ဝန်းကျင်နှင့်ဂေဟစနစ်ကို ထိခိုက်မှုမရှိသလို နှစ်နိုင်ငံကြား ဆက်သွယ်ထားသည့်အရာများကို အပြီးသတ်ဖျက်ဆီးခဲ့ပြီဖြစ်ကြောင်းလည်း ပြုံယမ်း၏တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် ပိတ်ထားသည့်တောင်ဘက်နယ်စပ်ကို အမြဲတမ်းခိုင်ခံ့အောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ကိုရီးယားကျွန်းဆွယ်ရှိ မရေရာသောအခြေအနေများကြားတွင် မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့်ဆက်သွယ်ထားသော လမ်းများနှင့်မီးရထားလမ်းများကို လုံးဝဖြတ်တောက်ပစ်မည်ဟုအောက်တိုဘာ ၉ ရက်ကအတိအလင်းပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here