မစ္စစ္စပီတွင် တံတားပြိုကျ၍ လူ သုံးဦး ‌ေ-သဆုံးပြီး လေးဦး ဒဏ်ရာရာ

0
7

ပိတ်ထားသည်မှာ တစ်လနီးပါးကြာပြီဖြစ်သော အမေရိကန်ပြည်ထောင်စု မစ္စစ္စပီပြည်နယ်ရှိ တံတားတစ်စင်းကို ဖြိုချရန်အတွက် ဗုဒ္ဓဟူးနေ့တွင် ပြင်ဆင်နေစဉ် ပြိုကျခဲ့သဖြင့် လူ သုံးဦး‌ေ-သဆုံးကာ လေးဦး ဒဏ်ရာအပြင်းအထန်ရခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

တံတားအစားထိုး စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆင်ပ်ဆွန်ကောင်တီ Strong မြစ်ကြောင်းပေါ်ရှိ အဆိုပါ တံတားကို စက်တင်ဘာ ၁၈ ရက်ကတည်းက ယာဉ်ဖြတ်သန်းမှုများကို ပိတ်ပင်ထားခဲ့သည်ဟု မစ္စစ္စပီပြည်နယ် သယ်ယူပို့ဆောင်ရေးဌာနက သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာ နေရာသို့ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့များ သွားရောက်ခဲ့ကြောင်းနှင့် ‌ေ-သဆုံးသူ သုံးဦးရှိကာ ဒဏ်ရာရသူများခဲ့ကြောင်း ၎င်းတို့က အတည်ပြုခဲ့သည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး Tate Reeves က ဗုဒ္ဓဟူးနေ့ညပိုင်းက ဆိုရှယ်မီဒီယာတွင် ပို့စ်တင်၍ ပြောသည်။

ထို့အပြင် အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး Pete Buttigied က မစ္စစ္စပီပြည်နယ် ၁၄၉ လမ်း၏ တံတားကို ဖြိုချစဉ်တွင် အချိန်မတိုင်မီ ပြိုကျသွားခဲ့မှုအတွက် ပြည်နယ်တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွကနေသည်ဟု ဗုဒ္ဓဟူးနေ့အနှောင်းပိုင်းက လူမှုမီဒီယာပို့စ်တစ်ခုတွင် ပြောဆိုခဲ့သည်။

Ref: အေပီ


LEAVE A REPLY

Please enter your comment!
Please enter your name here