မုံရွာမြို့ရှိ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား နာရီဝက်ကျော်ကြာငြှိမ်းသတ်ခဲ့ရ

0
8

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ နေအိမ်တစ်လုံးတွင် ယနေ့ အောက်တိုဘာ ၁၈ ရက်နံနက် ၇ နာရီ ၅၃ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မုံရွာမြို့၊ သလ္လာ(၂)ရပ်ကွက်၊ မြသစ္စာလမ်းနှင့် ရှေ့သို့လမ်းထောင့်ရှိ နေအိမ်တစ်လုံးတွင်မီးလောင်မှုဖြစ်ပွား၍ စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ မုံရွာခရိုင်/မြိုနယ်မီးသတ်စခန်း၊ ကွေ့ကြီး၊ သလ္လာ၊ ထန်းတော၊ စက်မှုဇုန်၊ အောင်ချမ်းသာ၊ ဒေါနအရန်မီးသတ်စခန်းများနှင့် အလုံနယ်မြေမီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၈ နာရီ ၂၅ မိ နစ်၌ မီးငြိမ်းသွားခဲ့ပြီး မီးစတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here