ရေနစ်မြုပ်မှုကြောင့် အင်းလေးတွင် ခရမ်းချဉ်သီး စိုက်ခင်းဧကပေါင်း (၂၀၀၀)ကျော် ထိခိုက်ပျက်စီးခဲ့

0
10

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရေကြီးနစ်မြုပ်ခဲ့မှုကြောင့် အင်းလေးတွင် ခရမ်းချဉ်သီး စိုက်ခင်းဧကပေါင်း (၂၀၀၀) ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း ခရမ်းချဉ်သီးစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

မုန်တိုင်းယာဂီ၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး အင်းလေးဒေသအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် အဆိုးရွားဆုံး ရေကြီးမှု၊ မြေပြိုမှု၊ ရေနစ်မြှုပ်မှုများနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

မိုးသည်းထန်ရွာစွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် စိုက်ခင်းများ ရေနစ်မြှုပ်ခဲ့သည့်အတွက် ခရမ်းချဉ်သီးဈေးလည်း ရုတ်တရက်မြင့်တက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေဘေးစတင်မဖြစ်ပွားခင် အင်းလေးဒေသတွင် ခရမ်းချဉ်သီးတစ်ပိဿာ (၂၅၀၀) ကျပ်ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိတွင် တပိဿာ (၄၂၀၀) ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရသည်။

လက်ရှိအချိန်တွင် အင်းလေးဒေသထွက် ခရမ်းချဉ်သီး မရှိသလောက် ရှားပါးနေပြီဖြစ်ကာ အထိန်းအသိမ်းကောင်းသော ခြံရှင်အချို့သာ ကျွန်းမျော အနည်းငယ်ကျန်ရှိမည်ဖြစ်ပြီး ကုန်းသီးနှင့် ရောရောင်းနေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here