သီတင်းကျွတ်ရုံးပိတ်ရက်တွင် ပန်ဆိုးတန်း – ဒလ ချယ်ရီသင်္ဘောဖြင့် လည်ပတ်သွားလာသူ များပြားခဲ့

0
13

သီတင်းကျွတ် ရုံးပိတ်ရက်တွင် ပန်ဆိုးတန်း – ဒလ ချယ်ရီသင်္ဘောဖြင့် လည်ပတ်သွားလာသူ ပုံမှန်ထက် ပိုမိုများပြားလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲ၊ ပန်းဆိုးတန်းမြို့နယ်မန်နေဂျာ ဦးထူးခန့် ၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်တွင် သီတင်းကျွတ်ဈေးရောင်းပွဲနှင့် ပျော်ပွဲရွှင်ပွဲများသို့ ဒလဘက်မှ လာရောက်လည်ပတ်လျက်ရှိသလို ရန်ကုန်မှ ဧရာဝတီတိုင်းရှိ နယ်မြို့များသို့ ပြန်သူများရှိခြင်းကြောင့် ခရီးသည်ဦးရေများလာခြင်းဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ရန်ကုန် (ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်း၌ ပြေးဆွဲပေးနေသည့် ချယ်ရီသင်္ဘော နေ့စဉ်စီးနင်းသူခရီးသည် ဦးရေသည် (၈၀၀၀) ခန့်ရှိပြီး သီတင်းကျွတ်ပိတ်ရက်ကာလအတွင်း ယင်းထက်ပိုများကြောင်း သိရသည်။

ပန်းဆိုးတန်း – ဒလ ကူး ချယ်ရီ သင်္ဘာလိုင်းကို ခရီးသည်များ သွားလာရေးအဆင်ပြေစေရန်အတွက် ညပိုင်းအကြိမ်ရေ တိုးမြှင့်ပြေးဆွဲပေးလျက်ရှိကြောင်းလည်း သိရသည်။

အဆိုပါ ကူးတို့ခရီးစဉ်ကို ရန်ကုန် တောင်ပိုင်းခရိုင်အတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံများ ရန်ကုန်မြို့သို့ ကူးသန်း သွားလာရာတွင် ဒလမြို့နယ်သင်္ဘောဆိပ် မှတဆင့် ကူးသန်းသွားလာကြရခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here