အင်ဒိုသမ္မတသစ် ပရာဘိုဝို ရာထူးတာဝန် စတင်ထမ်းဆောင်

0
13
Indonesia's new President Prabowo Subianto takes the oath during the presidential inauguration ceremony at the Parliament building in Jakarta on October 20, 2024. - Former general Prabowo Subianto was sworn in October 20 as president of Indonesia, seeking a more prominent position on the global stage for the world's fourth most populous nation. (Photo by BAY ISMOYO / AFP)

ပရာဘိုဝို ဆူဘီယန်တိုသည် အောက်တိုဘာ ၂၀ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၏ အဋ္ဌမမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဂုဏ်သရေရှိ နိုင်ငံခြားဧည့်သည်တော်များ တက်ရောက်ခဲ့ကာ အွန်လိုင်းနှင့် ရုပ်သံပေါ်တွင် သန်းနှင့်ချီသော အင်ဒိုနီးရှားပြည်သူများကစောင့်ကြည့်ခဲ့ကြသည်။

ကာကွယ်ရေးဝန်ကြီးဟောင်းမှ သမ္မတဖြစ်လာသူ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသည် ချောချောမွေ့မွေ့ဖြစ်ခဲ့ပြီး အာဏာလွှဲပြောင်းမှုသည် အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအတွက် နောက်ထပ် နိုင်ငံရေးတည်ငြိမ်သောကာလတစ်ခုကို ဆောင်ကျဉ်းပေးရန်နှင့် ကမ္ဘာ့စင်မြင့်တွင် ကျွန်းစုနိုင်ငံ၏ ရပ်တည်မှုကို ဆက်လက်မြှင့်တင်နိုင်စေရန် မျှော်လင့်ရသည်။

ဂျကာတာမြို့တစ်ဝန်းရှိ ပိုစတာများနှင့် စာတမ်းများတွင် မစ္စတာ ပရာဘိုဝိုနှင့် ဂျိုကိုဝီဟု အများသိကြသည့် သမ္မတဟောင်း ဂျိုကိုဝီဒိုဒိုကို ထောက်ခံသော စာသားများ ပါဝင်ပြီး “ကျေးဇူးတင်ပါတယ် ဂျိုကိုဝီ၊ အားလုံးပဲ အကောင်းဆုံးပါ ပရာဘိုဝို ဂီဘရန်း” ဟူ၍ ဖြစ်သည်။

ဂီဘရန်းဆိုသည်မှာ မစ္စတာ ဝီဒိုဒို၏ သား အသက် ၃၇ နှစ်အရွယ် ဂီဘရန်း ရာကာဘမ်မင်း ရာကာကို ရည်ညွှန်းခြင်းဖြစ်ပြီး ဆိုလိုမြို့တော်ဝန်ဟောင်းဖြစ်သော သူသည် ဖေဖော်ဝါရီ ၁၄ ရက်က ရွေးကောက်ပွဲတွင် မစ္စတာ ပရာဘိုဝိုနှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယခုအခမ်းအနားတွင် ဒုတိယသမ္မတအဖြစ် ကျမ်းကျိန်ဆိုခဲ့သည်။

အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ သမ္မတအဖြစ် မိမိ၏ တာဝန်ဝတ္တရားများကို တတ်စွမ်းသမျှ အကောင်းဆုံးနှင့် တရားအမျှတဆုံး ထမ်းဆောင်သွားမည်ဖြစ်ကြောင်းနှင့် သမ္မတနိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ကိုင်စွဲသွားမည်ဖြစ်ကြောင်းကိုထာဝရ ဘုရားသခက် ကို တိုင်တည်၍ သစ္စာဆိုပါသည်ဟု သူက ပြောဆိုခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်


LEAVE A REPLY

Please enter your comment!
Please enter your name here