မန္တလေးမြို့ (၈၂) လမ်းမကြီးပေါ်၌ သက်တမ်းရင့် ကုက္ကိုလ်ပင်ကြီး လဲကျကာ လျှပ်စစ်မီးတိုင်နှင့် ခွေးဘီလူးကား (၁)စီးပေါ် ပိမိမှုဖြစ်ပွား

0
12

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (၈၂)လမ်းမကြီးပေါ်၌ သက်တမ်းရင့် ကုက္ကိုလ်ပင်ကြီး လဲကျကာ လျှပ်စစ်မီးတိုင်နှင့် ခွေးဘီလူးကား (၁)စီးပေါ် ပိမိမှုဖြစ်ပွားခဲ့ရာ နယ်မြေခံ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့များမှ သွားရောက်ရှင်းလင်းပေးခဲ့ရကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ (၂၀)ရက်၊ ည(၇)နာရီခွဲအချိန်ခန့်က ချမ်းမြသာစည်မြို့နယ်၊ တမ္မဝတီရပ်ကွက်၊ မြို့ဟောင်းဈေးလမ်းဆုံနှင့် စလေဘုန်းတော်ကြီးသင် စာသင်‌ကျောင်းကြား (၈၂) လမ်းမကြီးပေါ်၌ သက်တမ်းရင့် ကုက္ကိုလ်ပင်ကြီးမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လဲကျခဲ့ရကြောင်း သိရသည်။

အဆိုပါ သက်တမ်းရင့် ကုက္ကိုလ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းအရ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် ကယ်ဆယ်ရေး အဖွဲ့များ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ချမ်းမြသာစည်ရုံး)မှ ကယ်ဆယ်ရေးအဖွဲ့ဝင်များ သွားရောက်ပူးပေါင်း၍ လမ်းပိတ်ဆို့မှု မရှိစေရေးနှင့် ထပ်မံ အန္တရာယ်မဖြစ်စေရေးရှင်းလင်း ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိသော်လည်း လျှပ်စစ်မီးတိုင်အချို့နှင့် ခွေးဘီးလူးကားတစ်စီး ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here