စလင်း ရေလှောင်တမံ ရေပိုလွှဲမှ (ဝ.၃၀) ပေ ရေကျော်နေသော်လည်း တမံ၏ ဆက်စပ်အဆောက်အဦများ ကြံ့ခိုင်ကောင်းမွန်သောကြောင့် စိုးရိမ်စရာအခြေအနေ မရှိ

0
17

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ စလင်း ရေလှောင်တမံ ရေပိုလွှဲမှ (ဝ.၃၀) ပေ ရေကျော် စီးဆင်းလျက်ရှိသော်လည်း တမံ၏ ဆက်စပ်အဆောက်အဦများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေ မရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

စလင်းမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းမှုများနှင့် အောက်တိုဘာ(၂၀)ရက် ညဦးပိုင်း မိုးရွာသွန်းခဲ့မှုများကြောင့် တမံအတွင်း ရေဝင်ရောက်မှု တိုးလာကြောင်း သိရသည်။

ထိုသို့ ရေဝင်ရောက်မှုတိုးလာသည်ကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ ယနေ့ အောက်တိုဘာ(၂၁)ရက် နံနက် (၆) နာရီ ရေအမှတ်တိုင်းထွာချက်များအရ ရေပြည့် အမှတ်ထက် (ဝ.၃၀)ပေ ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

စလင်းမြို့နယ် ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၇၆ ဝ.၀၀) ပေဖြစ်ပြီး လက်ရှိတမံရေ အမှတ်မှာ (၇၆၀.၃၀)ပေရှိသည့်အတွက် ရေပိုလွှဲမှ (ဝ.၃၀) ပေ ရေကျော်ကျလျက်ရှိပြီး တမံ၏ ဆက်စပ် အဆောက်အဦများ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် မစိုးရိမ်ရကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

ထို့ပြင် တမံအောက်ပိုင်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး စလင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက နေ့ညမပြတ် ရေကင်းတာဝန်များ ချထား၍ အချိန်နှင့် တပြေးညီ အသိပေးနှိုးဆော်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here