တရုတ်ဒုသမ္မတ နှင့်အင်ဒိုသမ္မတသစ် တို့တွေ့ဆုံ ဆွေးနွေး

0
14

ဂျကာတာ၊အောက်တိုဘာ ၂၁

တရုပ်ပြည်သူ့သမ္မတနိုင်ငံတော်သမ္မတရှီ၏ အထူးကိုယ်စားလှယ်အနေဖြင့် အင်ဒိုနီးရှားသမ္မတသစ် ပရာဘိုဝို၏ ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရန် ရောက်ရှိနေသည့် တရုတ်ဒုတိယသမ္မတသည် အင်ဒိုသမ္မတသစ်နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

ရွေးကောက်ပွဲအနိုင်ရပြီးနောက် တရုတ်နိုင်ငံသို့လာရောက်ခဲ့သည့် ပရာဘိုဝို၏ခရီးစဉ်သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်မည့် ကတိကဝတ်ကို ထင်ဟင်နေသည်ဟုလည်း ဒုတိယသမ္မတဟန်က ပြောကြားခဲ့သည်။

သမ္မတရှီအဆိုပြုထားသည့် လူထုအခြေပြုဖွံ့ဖြိုးတိုးတက်ရေး ချဉ်းကပ်မှုနည်းလမ်းနှင့် အနီးစပ်ဆုံး လိုက်လျောညီထွေ ရှိစေပြီး နိုင်ငံတွင်း၌ စားနပ်ရိက္ခာဖူလုံရေးနှင့် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာပရာဘိုဝိုက ကပြောကြားခဲ့သည်။

ယင်းနောက် မစ္စတာဟန်က ပရာဘိုဝို၏ ဦးဆောင်မှုအောက်တွင် အင်ဒိုနီးရှားနိုင်ငံ သည် ပိုမို ဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်ကြောင်းဆိုခဲ့ပြီး ပရာဘိုဝိုနှင့်အစိုးရသစ်အား ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာပေါ်ရှိ အင်အားကြီးနိုင်ငံတစ်ခုအနေဖြင့် တရုတ်နိုင်ငံသည် အင်ဒိုနီးရှားအတွက် အဓိကမိတ်ဖက်ဖြစ်ကြောင်း သမ္မတသစ်က ထပ်လောင်းပြောကြားခဲ့သည်။

ဆက်လက်၍ အစိုးရသစ်အနေဖြင့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီးကြောင်းဆိုကာ တရုတ်နှင့်ပတ်သက်၍ ဂျိုကိုဝီဒိုဒို၏ ချစ်ကြည်ရေးမူဝါဒကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here