အမေရိကနှင့်ကနေဒါစစ်သင်္ဘောများက ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်ရေးကိုနှောင့်ယှက်–ပေကျင်း

0
18

ပေကျင်း၊အောက်တိုဘာ ၂၁

အမေရိကနှင့်ကနေဒါတို့၏ စစ်သင်္ဘောများ ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ကျော်သန်းသွားလာသော လုပ်ရပ်သည် ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်း‌ရေး နင့် တည်ငြိမ်ရေးကိုနှောင့်ယှက်ခြင်းဖြစ်သည်ဟု ပေကျင်းတပ်မတော်၏ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ အရှေ့ပိုင်းစစ်ဌာနချုပ်အနေဖြင့် အချိန်ပြည့် နိုးကြားမှုရှိပြီး နိုင်ငံ့အချုပ်အခြာအာဏာနှင့်လုံခြုံရေးအပြင် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကိုပါ ပြတ်ပြတ်သားသား ကာကွယ်ထားမည်ဖြစ်ကြောင်း အဆိုပါကွပ်ကဲမှုအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လီရှီကပြောကြားခဲ့သည်။

အောက်တိုဘာ ၂၀ ရက်၊တနင်္ဂနွေနေ့က အမေရိကန်ဖျက်သင်္ဘော ဟစ်ဂင်စ် နှင့် ကနေဒါဖရီးဂိတ်စစ်သင်္ဘော ဗန်ကူးဗားတို့သည် ထိုင်ဝမ်ရေလက်ကြားကိုဖြတ်သန်းခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

ယင်းသို့ဖြတ်သန်းစဉ် အရှေ့ပိုင်းစစ်ဌာနချုပ်မှ ရေတပ်နှင့်လေတပ်များသည် ရေလက်ကြား၌ ဖြတ်သန်းသွားသည့်ရေယာဉ်များ၏ သွားလာမှုကို အနီးကပ်စောင့်ကြည့်ကာ အခြေအနေကို ဥပ‌ဒေစည်းမျဉ်းများနှင့်အညီ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်းလည်းပြောကြားခဲ့သည်။

Source : ရှင်းဟွာ
Photo credit : Bloomberg & SCMP


LEAVE A REPLY

Please enter your comment!
Please enter your name here