လန်ဒန်၌ အဆိုတော်လီယန်ပိန်း၏ပရိသတ်များစုဝေးကာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

0
15
Fans gather at a makeshift memorial to pay tribute to late British singer and former member of pop music boy-band One Direction, Liam Payne, in Madrid on October 20, 2024. - Payne, 31, died after falling from a third-floor balcony at a Buenos Aires hotel on October 16, 2024. The circumstances of the pop star's death, however, remain unclear. (Photo by OSCAR DEL POZO / AFP)

လန်ဒန်၊အောက်တိုဘာ ၂၁

ပြီးခဲ့သည့်ရက်သတ္တပတ်က အာဂျင်တီးနားနိုင်ငံ ဘွေနိုဇာရီမြို့ရှိ ဟိုတယ်ဝရန်တာမှပြု—တ်—ကျ‌ေ-သဆုံးခဲ့သော One direction အဖွဲ့ဝင်ဟောင်း အဆိုတော်လီယန်ပိန်း၏ပရိသတ်များစုဝေးကာ လန်ဒန်တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ခဲ့ကြောင်းသိရသည်။

လီယန်‌ေ-သဆုံးမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အခမ်းအနားများကို လန်ဒန်တွင်သာမက ဂလတ်စကို၊ ပါရီ၊ဆစ်ဒ်နီနှင့်နူးယော့ခ်မြို့များတွင်ပါ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

အဆိုပါအခမ်းအနားသို့တက်ရောက်လာသူများသည် လီယန့်သီချင်းများသီဆိုကာ အမှတ်တရပန်းစည်းများ၊စာများ၊ဖယောင်းတိုင်များနှင့် လီယန့်ဓါတ်ပုံပါဝင်သည့် အနုပညာလက်ရာပန်းချီများစသည်တို့ယူဆောင်ကာ စုဝေးခဲ့ကြကြောင်းလည်းသိရသည်။

One Direction သည် ဗြိတိန် X – Factor အစီအစဉ်မှလူငယ်အဆိုတော်ငါးဦးဖြင့် ၂၀၁၀ ခုနှစ်တွင် တီးဝိုင်းဖွဲ့စည်းခဲ့ပြီးနောက် မကြာမီ၌ပင် ကမ္ဘာတစ်ဝန်းရေပန်းစားလာခဲ့ပြီး‌နောက် သန်း ၇၀ ကျော် ရောင်းချခဲ့ရသည့် အယ်လ်ဘမ်ငါးခုကိုထုတ်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အဖွဲ့ခွဲခဲ့ခြင်းလည်းဖြစ်သည်။

Source : အေပီ/အက်စ်အာရ်


LEAVE A REPLY

Please enter your comment!
Please enter your name here