နျူကလီးယား ဆွေးနွေးမည်ဟူသော အမေရိကသည် လှည့်စားမှုသာဖြစ်- ရုရှားနိုင်ငံခြားရေးဝန်ကြီး

0
24

ကြိုတင်စည်းကမ်းသတ်မှတ်ချက်မျိုးမရှိဘဲ ရုရှား၊ တရုတ်၊ မြောက်ကိုရီးယားတို့နှင့် နျူကလီးယား ဆွေးနွေးမှုများလုပ်ရန် ဝါရှင်တန်က အသင့်ရှိသည်ဆိုသော အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့၏ မကြာခင်က ထုတ်ပြန်ချက်များသည် လှည့်စားမှုတစ်ခုဖြစ်သည်ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်က ပြေဆိုလိုက်သည်။

“မဟာဗျူဟာမြောက် တည်ငြိမ်မှု၊ နျူကလီးယားလက်နက်တွေ ထိန်းချုပ်ရေးကိစ္စတွေနဲ့ ပတ်သက်လို့ ကြိုတင်သတ်မှတ်ချက် မရှိဘဲ ဆွေးနွေးဖို့ တောင်းဆိုတာက လှည့်စားမှုတစ်ခုပါ” ဟု လက်ဗရော့ဗ်က ပြောဆိုကြောင်း Argumenty I Fakty သတင်းဌာနက တနင်္လာနေ့(အောက်တိုဘာ ၂၁) အစောပိုင်းတွင် ဖော်ပြခဲ့သည်။

ကြိုတင်သတ်မှတ်ချက် မရှိဘဲဟူသည့် ဆိုလိုရင်းမှာ အမေရိကန်များသည် ၎င်းတို့၏ မူသတ်မှတ်ချက် စာရွက်စာတမ်းများတွင် မိမိတို့အား ရန်သူအဖြစ် ကြေညာပိုင်ခွင့်ကို ကိုင်ဆွဲထားသော အဓိပ္ပာယ်ဖြစ်သည်ဟု သူက ဆိုခဲ့သည်။

ယခုနှစ်တွင် နို့ဘဲလ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သော ဂျပန်အဖွဲ့အစည်း Nihon Hidankyo သို့ မှတ်ချက်ပြုခဲ့ရာတွင် နျူကလီးယား ခြိမ်းခြောက်မှုကို လျှော့ချရန်အတွက် ရုရှား၊ တရုတ်၊ မြောက်ကိုရီးယားတို့နှင့် ကြိုတင်သတ်မှတ်ချက်မရှိသော ဆွေးနွေးမှုများလုပ်ရန် အသင့်ရှိနေသည်ဟု အိမ်ဖြူတော်က ပြောဆိုခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီး စစ်ပွဲဆက်ဖြစ်နေမှုကြောင့် မော်စကိုနှင့် အနောက်နိုင်ငံများအကြား ကျူးဘား ဒုံးကျည်အရေးအခင်းနောက်ပိုင်း အကြီးမားဆုံး ထိပ်တိုက်ရင်ဆိုင်များများ ဖြစ်စေခဲ့သည်။

Ref: Aol


LEAVE A REPLY

Please enter your comment!
Please enter your name here