ရွှေပြည်သာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးခြင်း၊ ရေနစ်မြုပ်မှုများဖြင့် ရင်ဆိုင်နေရ

0
26

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ရွှေပြည်သာမြို့နယ် အမှတ် (၁၉)ရပ်ကွက်၊ နှင်းပန်းလမ်းရှိ နေအိမ်များ အမိုးလန်ခြင်း၊ ရေနစ်မြုပ်ခြင်းများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

ယနေ့ အောက်တိုဘာ (၂၁)ရက်၊ နံနက် (၃)နာရီမှစတင်၍ ရွှေပြည်သာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့ရာ နေအိမ်များ အမိုးလန်ခြင်း၊ ရေနစ်မြုပ်မှုဖြစ်ပေါ်နေကြောင်း သတင်းအရ ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေဘေးသင့် အိမ်ထောင်စုများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယမန်နေ့ အောက်တိုဘာ (၂၀)ရက် ညပိုင်းမှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့ရာ ယနေ့ အောက်တိုဘာ (၂၁)ရက် နံနက်ပိုင်းတွင် အင်းစိန်၊ ရွှေပြည်သာ၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာဒုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ တောင်ဥက္ကလာ၊ တာမွေ၊ သင်္ဃန်းကျွန်း၊ လှိုင်၊ မရမ်းကုန်းမြို့နယ် အပါဝင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း ရပ်ကွက်နေထိုင်သူများထံမှ သိရသည်။

ထို့ပြင် အင်းစိန်ပန်းခြံ ၊ လမ်းသစ်လမ်း၊ ဂျပန်လမ်း၊ ဖော့က န် ဆယ်မိုင်ကုန်း၊ ကြို့ကုန်း မဟာသုခိတာရုံလမ်း၊ အောင်သိဒ္ဓိလမ်း၊ မင်းဓမ္မလမ်း၊ သမိုင်းလမ်းဆုံ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ဘုရင့်နောင်လမ်းဆုံ၊ သမိုင်းဘူတာရုံလမ်း၊ တညှင်းကုန်းလမ်းဆုံ ၊ (၁၄) လမ်းဆုံ၊ ဝေဇယန္တာလမ်း ကမ္ဘာအေးဘုရားလမ်း (၁၀၆) မီးပွိုင့်၊ လည်းတန်းဗဟိုလမ်း BRB မှတ်တိုင် အပါအဝင် နေရာအတော်များများ ရေလျှံနေကြော င်း ရန်ကုန်မြို့မှ အငှားယာဉ်မောင်းအချို့ထံမှ သိရသည်။

ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းဆဲလ်နှင့် လေဖိအားနည်းရပ်ဝန်းတို့၏ အရှိန်ဖြင့် မုန်တိုင်းဖြစ်ပေါ်နိုင်သောကြောင့် ယနေ့ အောက်တိုဘာ (၂၁)ရက် နံနက်ပိုင်းမှ အောက်တိုဘာ (၂၄)ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ် (၁၂)ခုတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here