တာချီလိတ်-မယ်ဆိုင်တွင် နှစ်စဉ်ကြုံ တွေ့နေရသည့် မီးခိုးမြူကိစ္စ တောမီးရှို့ခြင်းများကို နိုင်ငံအလိုက်‌ ဖြေရှင်း ဆောင်ရွက်ရန် ဆွေးနွေး

0
22

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်-မယ်ဆိုင်မြို့များ၌ နှစ်စဉ်ကြုံတွေ့နေရသည့် မီးခိုးမြူကိစ္စအတွက် တောမီးရှို့ခြင်းများကို သက်ဆိုင်ရာနိုင်ငံအလိုက် ဖြေရှင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယနေ့ အောက်တိုဘာ (၂၁)ရက် နံနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်တာဝန်ရှိသူများ ဒုတိယအကြိမ် နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ၊မယ်ဆိုင်မြို့အကောက်ခွန်ရုံးတွင် တွေ့ဆုံဆွေးနွေးကြစဥ် ထိုသို့ ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရေကြီးရေလျှံပြီးနောက် ကျန်ရစ်ခဲ့သည့် မယ်ဆိုင်ချောင်းအတွင်းရှိ ရွှံ့ ၊ နွံ များ ဖယ်ရှားနိုင်‌ရေးအခြေအနေများအပြင် ထိုင်း -မြန်မာနိုင်ငံနယ်စပ် မယ်ဆိုင်ချောင်း ကျူးကျော်များ ရှင်းလင်းနိုင်ရေးအတွက် နှစ်နိုင်ငံအဖွဲ့များ ဖွဲ့စည်း၍ အမြန်ဆုံးရှင်းလင်းရန်လည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှတြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင် ဦးဆောင်သော အဖွဲ့ဝင်များ နှင့် ထိုင်းနိုင်ငံဖက်မှ တပ်မတော် နယ်စပ်ရေးရာဌာန ၊ဌာနမှူးဒုတိယဗိုလ်ချုပ်ကြီး နတ္တဖုံး ဖလောင်ကျောက် ဦးဆောင်သော အဖွဲ့ဝင်များမှ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး၊ ပထမအကြိမ်ဆွေးနွေးပွဲကို စက်တင်ဘာလ (၂၀)ရက်နေ့​တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here