အာဆီယံဒေသတွင်း လိဂ်ဘောလုံးပြိုင်ပွဲများအနက် မြန်မာနေရှင်နယ်လိဂ် တန်ဖိုးတွက်ချက်မှုအဆင့်(၈)နေရာတွင် ရပ်တည်နေ

0
17

အာဆီယံဒေသတွင်း လိဂ်ဘောလုံးပြိုင်ပွဲများအနက် မြန်မာနေရှင်နယ်လိဂ်သည် အဆင့်(၈)နေရာတွင် ရပ်တည်နေကြောင်း အာဆီယံလိဂ် တန်ဖိုးတွက်ချက်မှုတွင် ဖော်ပြထားသည်။

မြန်မာနေရှင်နယ်လိဂ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကစားနေသည့် အသင်း(၁၂) သင်းရှိကာ၊ယခုနှစ် အောက်တိုဘာ (၂၀) ရက်အထိ မြန်မာနေရှင်နယ်လိဂ်၏ တန်ဖိုးသည် ယူရို ၄ ဒဿမ ၆၈ သန်းရှိသည်ဟု တွက်ချက်မှုတွင် ဖော်ပြထားသည်။

အဆိုပါ လိဂ်တန်ဖိုးတွက်ချက်မှုတွင် ပြိုင်ပွဲစပွန်ဆာ၊ ရုပ်သံထုတ်လွှင့်မှု၊ ကွင်းအတွင်းပရိသတ်ဝင်ရောက်ကြည့်ရှုမှုနှုန်းများကို အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်ပြီး၊ အာဆီယံဒေသတွင်းအမြင့်ဆုံးလိဂ်အဖြစ် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်လိဂ်တို့မှာ အဆင့်(၁) မှ အဆင့်(၇)အထိ အစဉ်လိုက်ရပ်တည်နေသည်ကို တွေ့ရသည်။

လိဂ်တန်ဖိုးတွက်ချက်မှုအရ လာအိုလိဂ်သည် အဆင့်(၉) တွင် နောက်ဆုံးရပ်တည်နေကာ အသင်းပေါင်း (၈)သင်းယှဉ်ပြိုင်ကစားနေပြီး ၎င်း၏ လိဂ်တန်ဖိုးမှာ၂ ဒဿမ ၄၈ သန်းသာ ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here