မဟာအောင်မြေမြို့နယ်တွင် ညပိုင်းအချိန် ကားနှင့် ဆိုင်ကယ် အရှိန်လွန်တိုက်မိပြီး (၂)ဦးဒဏ်ရာရ၍ ဆေးရုံသို့ပို့ဆောင်လိုက်ရ

0
14

မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ် ၊ (၃၇) လမ်း နှင့် (၈၄) လမ်းပေါ်တွင် ကားနှင့် ဆိုင်ကယ်တို့ အရှိန်လွန် တိုက်မိမှုဖြစ်ပွားရာ ဆိုင်ကယ်ပေါ်ပါ (၂)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့်“မဏီစလ”လူမှုကူညီရေးအသင်း(မန္တလေး)မှ သိရသည်။

ယမန်နေ့ အောက်တိုဘာ (၂၁)ရက် ညပိုင်းအချိန်က ကားနှင့် ဆိုင်ကယ်တိုက်မိမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း အကြောင်းကြားချက်အရ အသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“အဲဒီနားက ခဏ ခဏဖြစ်နေတာ။ လူငယ်လေး နှစ်ဦး ဒဏ်ရာရသွားတယ်။ ဖြစ်ဖြစ်ချင်း သတိမရဘူး။ ကားနဲ့ ဆိုင်ကယ်လည်း တော်တော်ပျက်စီးသွားတာ တွေ့ရတယ်”ဟု အနီးနားဝန်းကျင်ရှိ ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မြေပြင်လိုအပ်သည့် ဆေးကုသမှုများပေးပြီး အသင်းရုံးမှ အရေးပေါ်ကား(၂)စီးဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here