ထိုင်း၌ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ဆောင်

0
19

ဘန်ကောက်၊အောက်တိုဘာ ၂၁

ဆောင်းရာသီနီးကပ်လာသည်နှင့်အမျှ မြူများကျလာချိန်တွင် ထိုင်းနိုင်ငံ၌ဖြစ်ပေါ်လေ့ရှိသည့် လေထုညစ်ညမ်းမှုပြဿနာကိုင်တွယ်ဖြေရှင်းရန်အတွက် ထိုင်းလေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာနက ပြီးပြည့်စုံသည့် စီမံကိန်းတစ်ခုအား ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံ၏ ယခင်နှစ် လေထုညစ်ညမ်းမှု ဆိုးရွားသည့်ကာလနှင့်နှိုင်းယှဉ်ပါက ယခုနှစ်အတွက် လေထုထဲတွင် PM 2.5 ပါဝင်မှုနှုန်းသည် ၂၄ နာရီအတွင်း ၁၁ ရာခိုင်နှုန်းအထိကျဆင်းခဲ့သော်လည်း ဘန်ကောက်ကဲ့သို့သော မြို့ကြီးပြကြီး၌မူ နိုင်ငံ၏ သတ်မှတ်စံနှုန်းထက်ကျော်လွန်၍ လေထုထဲတွင် ဖုန်မှုန့်များ ပါဝင်နေဆဲဖြစ်ကြောင်းလည်းသိရသည်။

ထိုင်းအစိုးရအနေဖြင့် PM 2.5 ပါဝင်သည့်လေထုညစ်ညမ်းမှုကို တိုက်ဖျက်နိုင်ရန်ဦးစားပေးလုပ်ဆောင်ခဲ့ပြီး ကြိုတင်ကာကွယ်ရေး၊လျော့ပါရေးနှင့် လူထုအသိပညာပေးမှုတို့ကို အဓိကထားကာ နိုင်ငံတော်၊တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်စသဖြင့် အလွှာပေါင်းစုံချဉ်းကပ်နည်းမျိုးဖြင့်ပြုလုပ်နေကြောင်း ဖော်ပြထားသည်။

ယခုရေးဆွဲထားသည့် စီမံကိန်းတွင် တောမီးလောင်ကျွမ်းမှုစီမံခန့်ခွဲမှု၊ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ သတိထားစရာအလေ့အထများ၊ မြို့ပြလေထုအရည်အသွေး၊နယ်စပ်ဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူ့ကျန်းမာရေးအန္တရာယ်သတိပေးချက်များအတွက် အစီအမံများ၊ ကြိုတင်သတိပေးချက်များနှင့် မီးငြှိမ်းသတ်နိုင်မှုပမာဏမြှင့်တင်ရန်အစီအစဉ်များပါဝင်သည်ဟုသိရသည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here