တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုကို တရုတ်ရှုံ့ချ

0
6

ပေကျင်း၊အောက်တိုဘာ ၂၁

မန္တလေးမြို့ရှိ ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ယင်းဖြစ်စဉ်ကို ရှုံ့ချကြောင်း တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကပြောကြားခဲ့ပြီး ကျူးလွန်သူများကိုဖမ်းဆီးနိုင်ရေးကို အစွမ်းကုန်ကြိုးစားပေးရန် မြန်မာအာဏာပိုင်များကို တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

မြန်မာ့တပ်မ‌ေတာ်နှင့် အတိုက်အခံ လက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က စစ်တပ်နှင့်တိုက်ပွဲများကိုရပ်တန့်ရန် အတိုက်အခံအဖွဲ့များကိုဖိအားပေးခဲ့ပြီး‌ေနာက်တရုတ်နိုင်ငံ၏ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရခြင်းဖြစ်သည်။

အောက်တိုဘာ ၁၈ ရက် နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ခိုက်မှုတွင် လူ‌ေ-သဆုံးမှုမရှိခဲ့သော်လည်း ကောင်စစ်ဝန်ရုံး ပရိဝုဏ်ကိုသာ အနည်းငယ်ထိခိုက်ခဲ့ကြောင်း ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်ရှီအန်ကပြောကြားခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်၍ အသေးစိတ်ကျကျစုံစမ်းစစ်ဆေးပေးရန်နှင့် ကျူးလွန်သူများကို ဥပဒေနှင့်အညီ ပြင်းထန်စွာအရေးယူပေးရန်လည်း မြန်မာအာဏာပိုင်များကို အလေးအနက်ထားတောင်းဆိုထားကြောင်း မစ္စတာလင်ကဆက်လက်ပြောကြားခဲ့သည်။

တရုတ်ကောင်စစ်ဝန်ရုံးက မြန်မာနိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများ၊စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း လုံခြုံရေးကို အထူးဂရုပြုရန်နှင့် လိုအပ်သည့်ကြိုတင်ကာကွယ်မှုများကို ပြုလုပ်ထားကြရန် သတိပေးနှိုး‌ေဆာ်ခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အိတ်ချ်


LEAVE A REPLY

Please enter your comment!
Please enter your name here