ဗီယက်နမ်သမ္မတ မစ္စတာ Luong Cuong ကိုသမ္မတရှီဂုဏ်ပြုလွှာပေးပို့

0
13
Vietnam's Luong Cuong takes his oath as Vietnam's President during the autumn opening session at the National Assembly in Hanoi on October 21, 2024. - Vietnam's parliament named army general Luong Cuong as the country's new president on October 21, the fourth person in the job in less than two years. (Photo by Dang ANH / AFP)

ပေကျင်း၊အောက်တိုဘာ ၂၂

တရုတ်သမ္မတရှီကျင့်ဖျင်က ဗီယက်နမ်သမ္မတ တာဝန်ထမ်းဆောင်မှုအတွက် မစ္စတာ Luong Cuong ကိုဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်းသိရသည်။

တရုတ်သည် လွန်ခဲ့သည့်နှစ်များကတည်းက ဗီယက်နမ်ခေါင်းဆောင်များနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကိုထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ယင်းနောက် တရုတ် – ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးကို အရေးပါသည့် ဗျူဟာမြောက်ပူးပေါင်းမှုများနှင့်အသိုက်အဝန်းတစ်ခုအဖြစ် တည်ဆောက်ရေးအတွက်ပါ လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း ၎င်း၏သဝဏ်လွှာတွင်ပြောကြားခဲ့သည်။

ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးဖြစ်သကဲ့သို့ ဗီယက်နမ်သမ္မတလည်းဖြစ်သည့် မစ္စတာတိုလမ်သည် ဩဂုတ်လက တရုတ်သို့ လာရောက်လည်ပတ်ခဲ့ပြီး ၎င်းတို့နှစ်ဦးသည် လေးနက်သည့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကာအရေးကြီးသဘောတူညီမှုကိုပြုလုပ်ခဲ့ကြောင်းလည်းဆိုခဲ့သည်။

ယင်းနောက် တရုတ် – ဗီယက်နမ် နှစ်နိုင်ငံအကြားဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးကြောင်းလည်း သမ္မတရှီကပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here