စွန်းလွန်းချောင်းရေမြင့်တက်မှုကြောင့် ချောင်းအနီးနေသူများကို ဘေးလွတ်ရာသို့ညတွင်းချင်းရွှေ့ပြောင်းပေးခဲ့ရ

0
16

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ယမန်နေ့ အောက်တိုဘာ ၂၂ ရက်ည ၈ နာရီကျော်ခန့်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြင်းခြံမြို့၊ အမှတ်(၁၉)ရပ်ကွက်အနီးရှိ စွန်းလွန်းချောင်းရေမြင့်တက်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ထိုသို့ ချောင်းရေမြင့်တက်ခဲ့ရာ ချောင်းအနီးရှိ နေအိမ်မျအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ယင်း နေအိမ်များ၌နေထိုင်သူများအား ရေဘေးလွတ်ကင်းသည့်နေရာသို့ မြင်းခြံခရိုင်/မြိုနယ်မီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ည ၁၀ နာရီခွဲကျော်ခန့်ကစတင်ကာ ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

ရေဘေးလွတ်ကင်းသည့်နေရာများသို့ ယနေ့ အောက်တိုဘာ ၂၃ ရက်နံနက် ၂ နာရီကျော်ခန့်တွင် ရေဘေးသင့်အိမ်ထောင်စုဝင်အားလုံးနှင့် ၎င်းတို့၏ အရေးကြီးပစ္စည်းများကို ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here