ခြံအမှတ် (၅၄) နေအိမ် ဈေးထပ်လျှော့ကာ လေလံတင်နိုင်ရန် ဦးအောင်ဆန်းဦးဘက်က တင်ပြ

0
13

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ် (၅၄) နေအိမ်အတွက် လေလံကြမ်းခင်းဈေး ကျပ်ငွေ ဘီလီယံ ၂၉၀ ဖြင့် ဈေးလျှော့ကာ လေလံတင်ရောင်းချရန် ယမန်နေ့အောက်တိုဘာ (၂၂ )ရက် ရုံးချိန်း၌ ဦးအောင်ဆန်းဦးဘက်က တင်ပြခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။

ခြံအမှတ်(၅၄)နေအိမ်ကို ကျပ်ငွေ (၃၁၅) ဘီလီယံနှင့် တစ်ကြိမ်၊ (၃၀၀)ဘီလီယံနှင့်တစ်ကြိမ် လေလံနှစ်ကြိမ်တိုင်တိုင်ရောင်းချခဲ့သော်လည်း လေလံဆွဲ ဝယ်ယူသူသည် မရှိသေးဆဲဖြစ်သည်။

ထို့ကြောင့် ကမာရွတ်ခရိုင် တရားရုံး၏ ရုံးချိန်း၌ ဦးအောင်ဆန်းဦးဘက်က ကြမ်းခင်းဈေးကို ပြောင်းလဲသတ်မှတ်ရန် တင်ပြခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာ (၁၃) ရုံးချိန်း၌ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ပြန်လည်တင်ပြရန်ရှိနေကာ နှစ်ဖက်စလုံး၏ တင်ပြချက်များကို ကြားနာပြီးမှသာ တရားရုံးက ဆုံးဖြတ်မည် ဖြစ်သည်ဟုလည်း သိရသည်။

ရန်ကုန်မြို့တွင် ခြံအမှတ် (၅၄) ဟု ကျော်ကြားသည့် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ အိမ်ကို ငွေကျပ် (၃၁၅) ဘီလီယံဖြင့် လေလံတင် ရောင်းချရန် ကမာရွတ်မြို့နယ် တရားရုံးက ယခုနှစ် ဇန်နဝါရီ (၂၅)ရက်က အမိန့်ချမှတ်ထားခြင်းဖြစ်ကာ လက်ရှိအချိန်ထိ လေလံဆွဲ ဝယ်ယူသူ မရှိသေးခြင်း ဖြစ်သည်။

ခြံအမှတ် (၅၄) ၏ ဧရိယာအကျယ်အဝန်းမှာ (၁.၉၂၃)ဧက ကျယ်ဝန်းကြောင်းသိရကာ စတုရန်းပေ (၈၃၇၆၅.၈၈) ပေ ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here