ဖိလစ်ပိုင်ကို အပူပိုင်းမုန်တိုင်း ဦးတည်လာ၍ ကျောင်းများ ပိတ်

0
16
A handout photo from the facebook page of Ree Tabagan taken on October 23, 2024, shows flooded roads due to tropical storm Trami in Bato, Camarines Sur. (Photo by Ree Tabagan / facebook page of Ree Tabagan / AFP)

နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းဒေသဆီသို့ အပူပိုင်းမုန်တိုင်း ထရာမီ ဦးတည်လာသဖြင့် ဖိလစ်ပိုင်တွင် အစိုးရလုပ်ငန်းဆောင်တာများ ရပ်ဆိုင်းကာ စာသင်ကျောင်းများကို ပိတ်လိုက်ပြီး မုန်တိုင်း သည် ကုန်းတွင်းပိုင်းသို့ မဝင်မီ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့များကို အသင့် ပြင်ထားရန် သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက အမိန့်ပေးခဲ့သည်။

နောက်ဆုံးခန့်မှန်းတွက်ချက်မှုအရ ထရာမီသည် အော်ရိုရာပြည်နယ် ကာဆီဂူရန်မြို့၏ အရှေ့ဘက်ကမ်းလွန် ၁၂၄ မိုင်အကွာတွင် ဗဟိုပြုနေသည်ဟု မိုးလေဝသပညာရှင် Pag-asa က ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ပြောဆိုခဲ့သည်။ မုန်တိုင်းသည် ဗုဒ္ဓဟူးနေ့ ညနေပိုင်း သို့မဟုတ် ကြာသပတေးနေ့ နံနက်ပိုင်းတွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားသည်။

လာမည့်ရက်များအတွင်း မိုးရွာသွန်းနိုင်သည့် ပမာဏကို အလေးထားစောင့်ကြည့်ရန်၊ ပြည်သူများ၏ လိုအပ်ချက်နှင့် အစိုးရအရင်းအမြစ်များကို ကြိုတင်ခန့်မှန်းတွက်ချက်ထားရန် အစိုးရဌာနများကို မားကို့စ်က ညွှန်ကြားခဲ့သည်။

မုန်တိုင်း ကုန်းတွင်းပိုင်း မဝင်မီတွင် အလယ်ပိုင်းဒေသ Bicol ၌ အင်္ဂါနေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဘန်ဂလိုအိမ်များ၏ အမိုးများအထိရောက်အောင် ရေကြီးခဲ့ပြီး ဒေသခံများသည် နေအိမ်ကိုစွန့်ခွာထွက်ပြေးကြရသည်။ မြစ်ကြောင်းများ ရေမြင့်တက်ခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ခဲ့သည်ဟု သဘာဝဘေးတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

၂၄ နာရီအတွင်း ရွာခဲ့သောမိုးသည် နှစ်လနီးပါးစာ မိုးရေချိန်ခန့်ရှိသည်ဟု Albay ပြည်နယ် သဘာဝဘေးဌာန အကြီးအကဲ Cedric Daep က ပြောဆိုခဲ့သည်။

Masbate ပြည်နယ် ပါလာနတ်စ်မြို့တွင် သစ်ကိုင်းကျိုးကျမှုကြောင့် လူတစ်ဦး ‌ေ-သဆုံးခဲ့သည်ဟု မြို့ပြကာကွယ်ရေးရုံးက ပြောဆိုသည်။ ထို့အပြင် ဒဏ်ရာရသူ ငါးဦးရှိကြောင်းနှင့် ခုနစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်းလည်း သိရသည်။

တိုက်ဖွန်းလမ်းကြောင်းအတွင်းရှိ ကမ်းရိုးတန်းမြို့များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းများဖြစ်နိုင်သည်ဟု Pag-asa က သတိပေးခဲ့သည်။

Ref: အာရပ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here