ဖိလစ်ပိုင်၌ အပူပိုင်းမုန်တိုင်းကြောင့် ‌ေ-သဆုံးသူ ၂၄ ဦးအထိရှိလာ

0
12
In this handout photo from the Philippine Coast Guard (PCG) taken and received on October 24, 2024, rescuers on a rubber boat conduct a rescue operations in a flooded area in Nabua, Camarines Sur, due to Tropical Storm Trami. (Photo by Handout / Philippine Coast Guard (PCG) / AFP)

မနီလာ၊အောက်တိုဘာ ၂၄

ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်း၌ အပူပိုင်းမုန်တိုင်းတိုက်ခတ်၍ ရေကြီးမြေပြိုမှုများဖြစ်ပွားခဲ့ပြီး ‌ေ-သဆုံးသူ ၂၄ ဦးထက်မနည်းရှိလာပြီဖြစ်ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ကြေငြာခဲ့သည်။

နိုင်ငံ၏အရှေ့မြောက်ပိုင်းသို့ ဦးတည်ဝင်ရောက်လာသည့် အပူပိုင်းမုန်တိုင်း ထရာမီကို ကြိုတင်ကာကွယ်သည့်အနေဖြင့် စာသင်ကျောင်းများနှင့် ရုံးများကိုလည်းပိတ်ထားသည်။ ‌ေ-သဆုံးသူအများစုသည် ရေနစ်‌ေ-သဆုံးကြခြင်းဖြစ်သည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများရှိသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိမိမိအကောင်အထည်မဖော်နိုင်ပေ။ ရွာသားအချို့သည်လည်း ပိတ်မိနေဆဲဖြစ်သည်ဟုသိရသည်။

ကယ်ဆယ်ရေးလုပ်ဆောင်နေသူအားလုံးပေါင်း ၁,၅၀၀ ခန့်ရှိသော်လည်း အသက်ကယ်လှေမလုံလောက်မှုများကြောင့် နှောင့်နှေးမှုများလည်းရှိနေသည်။ ပိတ်မိနေသူများထံသို့ အစားအစာနှင့်သောက်သုံးရေလှူဒါန်းဖို့ကြိုးစားနေကြောင်း ကယ်ဆယ်ရေးသမားများကပြောကြားခဲ့သော်လည်း ချက်ချင်းသွား ရောက်ကယ်တင်ရန်မှာ မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် မုန်တိုင်းဒဏ်ခံရသည့်နိုင်ငံများ၌ တစ်နိုင်ငံအပါအဝင်ဖြစ်ပြီး နှစ်စဉ် မုန်တိုင်း ၂၀ ခန့်နှင့် တိုက်ဖွန်းမုန်တိုင်းများလည်းဝင်ရောက်လေ့ရှိကြောင်းသိရသည်။

Source : အေပီနူးစ်

Residents carrying their belongings wade through a flooded street caused by heavy rains brought about by Tropical Storm Trami in Bato town, Camarines Sur province on october 24, 2024. (Photo by ZALRIAN SAYAT / AFP)

LEAVE A REPLY

Please enter your comment!
Please enter your name here