တရုတ်နှင့်အိန္ဒိ‌ယ ဖွံ့ဖြိုးတိုးတက်ရေး အပြန်အလှန်ကူညီရန် သမ္မတရှီတိုက်တွန်း

0
20

ခါဇန်၊အောက်တိုဘာ ၂၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံ‌တော်သမ္မတရှီသည် ရုရှားနိုင်ငံ ခါဇန်မြို့၌ကျင်းပနေသည့် BRICS ထိပ်သီးအစည်းအဝေးပြင်ပ၌ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

နှစ်နိုင်ငံခေါင်းဆောင်များတွေ့ဆုံစဉ် သမ္မတရှီက တရုတ်နှင့်အိန္ဒိယတို့အနေဖြင့် နှစ်နိုင်ငံဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ၊အပြန်အလှန်ယုံကြည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအတွက် အပြန်အလှန်ကူညီရန်တိုက်တွန်းခဲ့ကြောင်းသိရသည်။

နှစ်နိုင်ငံဆက်ဆံရေးလမ်းကြောင်းမှန်ပေါ်ရပ်တည်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ခြင်းသည် နှစ်နိုင်ငံနှင့်ပြည်သူများ၏ အခြေခံအကျိုးစီးပွားကို အထောက်အကူဖြစ်စေမည်ဟုလည်း သမ္မတရှီကပြောကြားခဲ့သည်။

ယင်းနောက် တရုတ်နှင့်အိန္ဒိယတို့အနေဖြင့် နိုင်ငံတကာတာဝန်များကိုလည်း ပခုံးထမ်းဆောင်ရွက်ရန်တာဝန်ရှိသကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အင်အားနှင့်စည်းလုံးညီညွတ်မှုကိုအကောင်အထည်ဖော်ရန် စံနမူနာနိုင်ငံများအဖြစ်ရပ်တည်ကာညီညွတ်မျှတသည့် ဘက်စုံကမ္ဘာကိုဖော်ဆောင်ရန်လည်း အချင်းချင်းပံ့ပိုးရမည်ဟုဆိုခဲ့သည်။

လက်ရှိအချိန်၌ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် တရုတ်နှင့်အိန္ဒိယတို့၏ အကြီးမားဆုံးတူညီသည့်ပန်းတိုင်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံအကြား ခြိမ်းခြောက်မှုနှင့်ပြိုင်ဆိုင်ခြင်းများထက် ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုသာ အဓိကဖြစ်ကြောင်းလည်း ရှီကဆက်လက်ပြောကြားခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်မိုဒီကလည်း အိန္ဒိယအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်တိုးတက်မှုကို ထိန်းသိမ်းခြင်းသည် နှစ်ဘက်ပြည်သူများအတွက် အရေးကြီးကြောင်းပြောကြားခဲ့ပြီး အိန္ဒိယ၏ အကျိုးစီးပွားအတွက်သာမက ဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအတွက်လည်း အရေးပါကြောင်းပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here