နူးဒေလီ၊အောက်တိုဘာ ၂၃
အိန္ဒိယအာဏာပိုင်များသည် ဆိုက်ကလုန်း မုန်တိုင်း ဒါနာဝင်ရောက်နိုင်ခြေအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကိုးလ်ကတ္တားလေဆိပ်ရှိလေကြောင်းခရီးစဉ်များနှင့် ရထားပြေးဆွဲမှုများကို ယာယီရပ်နားလိုက်ကြောင်းသိရသည်။
ဆိုက်ကလုန်းဒါနာသည် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ကြာသပတေးနေ့ညတွင် အိန္ဒိယနိုင်ငံ ဩရိသပြည်နယ်သို့ တစ်နာရီလျှင်လေတိုက်နှုန်း ၁၀၀ မှ ၁၂၀ ကီလိုမီတာနှုန်းဖြင့် ကုန်းတွင်းပိုင်းသို့ဝင်ရောက်နိုင်ခြေရှိကြောင်းလည်းခန့်မှန်းထားသည်။
ဒါနာဝင်ရောက်နိုင်ခြေကိုတွက်ဆပြီး ကိုလ်းကတ္တားလေဆိပ်ရှိ လေယာဉ်ခရီးစဉ်များကို အောက်တိုဘာ ၂၄ ရက်နှင့် အောက်တိုဘာ ၂၅ ရက်များတွင် ယာယီရပ်နားထားကာ နိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများရှိ ရထားခရီးစဉ် ၁၅၀ ကျော်ကိုလမ်း ရပ်နားထားခဲ့ရသည်ဟုသိရသည်။
ဩရိသပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးကမူ ၎င်းတို့အာဏာပိုင်များအနေဖြင့် ယာယီခိုလှုံရေးစင်တာပေါင်း ၅,၀၀၀ ကျော်ကိုပြင်ဆင်ထားပြီးဖြစ်ကာ အဆိုပါပမာဏသည် မုန်တိုင်းဘေးသင့်ဒေသများမှ ပြည်သူပေါင်း တစ်သန်းခန့်ကိုနေရာချထားပေးနိုင်ကြောင်းပြောကြားခဲ့သည်။
Source : ရှင်းဟွာ