ကယားဇာတိဖွား ဆင်မကြီး မိုမို (၇၁)နှစ်ပြည့်တော့မည်

0
14

ဆင်မကြီး မိုမို၏ (၇၁)နှစ်ပြည့် မွေးနေ့ပွဲကို နိုဝင်ဘာ (၁) ရက်မှ (၃)ရက်အထိ တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မွေးနေ့ပွဲကို ပြည်သူချစ် အနုပညာရှင်ပေါင်းများစွာနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပြီး ဆင်မကြီးမိုမိုအတွက် မွေးနေ့အလှူ အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်း ၊ Birthday Cake ခွဲခြင်း ၊Mo Mo Photo Exhibition၊Keeper Talk၊Music & Dance Performance၊ Magic Show၊ Photo Booth အစီအစဉ်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

လွိုင်ကော်ဒေသတောနက်ကြီးထဲတွင် ဆင်မိသားစုနှင့်ကွဲကွာနေသော အသက်(၇)နှစ်အရွယ် ဆင်မလေးတစ်ကောင်ကို သစ်ခုတ်သမား ဦးခွန်ဆန္ဒမှ တွေ့ရှိဖမ်းယူခဲ့ပြီး ဇနီးဖြစ်သူ နော်မိုမိုအား ဂုဏ်ပြု၍ မိုမိုဟု အမည်ပေးခဲ့ကာ ၁၉၆၁ ခုနှစ် ဇွန်လ(၆)ရက်တွင် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ပို့ဆောင်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဆင်မကြီး မိုမို၏သည် ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သို့ လာရောက်လည်ပတ် ကြည့်ရှုလေ့လာသူများအား နှစ်ပေါင်း (၅၀) ကျော်ကြာ ဖျော်ဖြေပေးခဲ့ပြီး ၎င်း၏ အမည်အားခေါ်လိုက်လျှင် ပြန်လည်ထူးတတ်ပြီး လူများကို ချစ်ခင်လာစေရန် ကပြတတ်ကာ မမပုသိမ်သူလမ်းလျှောက်သော ပုံစံဖြင့် ကပြသည့်အကွက်တို့မှာ လူကြိုက်များကြောင်း သိရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် အနားယူခဲ့ကာ မိုမို၏ အသက် (၆၀)ပြည့် မွေးနေ့မှစ၍ နှစ်စဉ်အောက်တိုဘာလတွင် မွေးနေ့ပွဲကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကျင်းပလေ့ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here