မြန်မာနှင့် UNFPA တို့ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများဆွေးနွေး

0
10

မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့တို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းတို့နှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဂျီနီဗာမြို့ရှိ UNFPA ရုံး၏ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့(United Nations Population Fund-UNFPA) ရုံး၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးဌာန ညွှန်ကြားရေးမှူး Ms. Shoko Yasuda (Arakaki) အား အောက်တိုဘာ (၂၃)ရက်၊ နံနက်(၉)နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့တို့အကြား လက်ရှိ ပူးပေါင်းဆောင်ရွက်လျက်နေသည့် ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့် UNFPA ၏ မြန်မာ နိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here