ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် ရေဘေးသင့်ပြည်သူ (၂၀၀၀) ကျော်အတွက် စားသောက်ရေး ထောက်ပံ့မည်

0
16

ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူ (၂,၅၀၀) ဦးအတွက် စားသောက်ရေးအဆင်ပြေစေရန် ထမင်းဗူးနှင့် သောက်ရေသန့်များကို ယနေ့အောက်တိုဘာ (၂၅)ရက်နှင့် (၂၆)ရက်တွင် ဆက်တိုက် ထောက်ပံ့လှူဒါန်းသွားရန်ရှိကြောင်း ဝန်းရံမှူး လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းမြတ်ညွှန့်က ပေါ်ပြူ လာနယူးစ်သို့ ပြောသည်။

“ရေကတော့ ကျနေပါပြီ။ အချို့ရပ်ကွက်တွေကတော့ ရေနည်းနည်းကျန်နေသေးတာပေါ့။ အကိုတို့ အစီအစဉ်က လူဦးရေ (၁၅၀၀)စာလှူဖို့ရှိတယ်။ တစ်ဘက်အသင်းကလည်း လှူချင်တယ်ဆိုတော့ လူဦးရေ (၂၅၀၀)ကို နှစ်ရက်ဆက် လှူမှာပေါ့”ဟု ၎င်းက ရှင်းပြသည်။

ယမန်နေ့ အောက်တိုဘာ (၂၄)ရက်တွင်လည်း ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်အတွင်း ရေဘေးကြောင့် ချက်ပြုတ်စားသောက်ရန် မလွယ်ကူသည့် လူဦးရေ (၆၀၀)ခန့်အတွက် အဖြူရောင်ကမ်းလက် လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ထမင်းဟင်းများ၊ ရေသန့်ဗူးများနှင့် အားဆေးများအား ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ယခုလ အောက်တိုဘာ (၁၉)ရက်၌ စတင်ရွာသွန်းခဲ့သော မိုးရေချိန်ကြောင့် ဒဂုံမြို့သစ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းမြို့နယ်များရှိ ဒေသခံပြည်သူများ ရေဘေးသင့်ခဲ့ရခြင်းဖြစ်သ ည်။

ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်အတွင်းရှိ အမှတ် (၂၉) ရပ်ကွက်အပါအဝင် အခြားမြေနိမ့်ပိုင်းရပ်ကွက်များ ရေ‌ကြီးရေလျှံဖြစ်ပွားခဲ့ခြင်းကြောင့် ဘေးလွတ်ရာသို့ ရက်ပိုင်းမျှ သွားရောက် ခိုလှုံခဲ့ရသေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here