မြန်မာ့ အကျပ်အတည်းကို မည်သည့်စူပါပါဝါကမှအသုံးမချသင့်

0
15

ကမ္ဘောဒီးယားနိုင်ငံ အပါအဝင် အာဆီယံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို မည်သည့်စူပါပါဝါကမှ အသုံးချသွားရန် မလိုလားပေ။ထိုသို့ဖြစ်လာပါကပြဿနာကို ရှည်ကြာစေနိုင်သကဲ့သို့ ဒေသအတွင်း ဝင်ရောက်စွက်ဖက်ခံရမှုများ ရှိလာနိုင်သောကြောင့် ဖြစ်သည်။

လာအိုနိုင်ငံ၌ကျင်းပသည့် ၄၅ ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံ (AIPA) အစည်းအဝေးမှ အပြန် ဖ‌နောင်ပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမျိုးသား လွှတ်တော် ဒုတိယ အတွင်းဝန်ချုပ် ချန်ဗန်နာရစ်ကယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

မကြာသေးမီကကျင်းပ ပြုလုပ်ခဲ့သည့် အာဆီယံပါလီမံများ ညီလာခံ (AIPA) တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုသူတစ်ဦးမျှ မရှိခဲ့ဘဲ စကားပြောဆိုခွင့်မရသည့် လေ့လာသူ တစ်ဦးသာ တက်ရောက်ခဲ့ကြောင်း ဗန်နရစ်က ထောက်ပြသည်။

မကြာသေးမီက ခေါင်းဆောင်မှု အပြောင်းအလဲကြောင့် အင်ဒိုနီးရှားမှ ကိုယ်စားလှယ်များလည်းမတက်ရောက်နိုင်ခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

စူပါပါဝါနိုင်ငံတွေကြား ပြိုင်ဆိုင်မှုများပိုရှုပ်ထွေးလာသဖြင့် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာသည့် နိုင်ငံစုံဝါဒကို မြှင့်တင်ဖို့ အာဆီယံအတွက် မရှိမဖြစ်လိုအပ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ လုပ်ဆောင်သင့်သည်များ မလုပ်နိုင်ပါက နိုင်ငံငယ်များသည် သိသိသာသာ ဒုက္ခရောက်မည် ဖြစ်သည်။ထို့ကြောင့် ဒေသတွင်းနှင့် နိုင်ငံတကာ အခြေခံမူများကို လိုက်နာရန် အာဆီယံကပိုမို၍ စည်းလုံးညီညွတ်ရမည်ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က လာအိုနိုင်ငံ၌ ကျင်းပသည့် ၄၅ ကြိမ်မြောက် AIPA တွင် ကမ္ဘောဒီးယား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ခွန်ဆူဒရီက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများကို အဟန့်အတားဖြစ်စေသည့် အချက်ငါးချက်ကို ချက်ခြင်း ထိထိရောက်ရောက် အကောင်အထည်ဖော်ရန် အာဆီယံကို တိုက်တွန်းခဲ့သည်။

အရှေ့တောင်အာရှသည် ပထဝီဝင်နိုင်ငံရေးပြိုင်ဆိုင်မှုများကြား စစ်မြေပြင်ဖြစ်လာနိုင်ချေရှိသော လမ်းဆုံလမ်းခွတွင် ရပ်တည်နေကြောင်း ဆူဒရီ က မှတ်ချက်ပြုခဲ့သည်။

ထို့ကြောင့် ပါဝါပြိုင်ဆိုင်မှုများ၏ ကျော့ကွင်းကို ရှောင်ရှားရန်၊ စူပါပါဝါနိုင်ငံများ၏ ထိုးကျွေးစရာ နယ်ရုပ်ကလေးများမဖြစ်လာစေရန် သတိဝီရိယရှိရန် လိုအပ်ကြောင်းဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here