အုပ်စုအဆင့် ပွဲဦးထွက် ရှုံးနိမ့်ထားသည့် မြန်မာ ယူ-၁၇ အသင်း ယနေ့ အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ရမည်

0
13

၂၀၂၅ အာရှ ယူ-၁၇ ခြေစစ်ပွဲ အုပ်စုအဆင့် ပွဲဦးထွက် ရှုံးနိမ့်ထားသည့် မြန်မာ ယူ-၁၇ အသင်းသည် ယနေ့ အောက်တိုဘာ(၂၅)ရက် ညနေ(၆)နာရီခွဲအချိန်၌ အိမ်ရှင်ဗီယက်နမ်အ သင်းနှင့် ထပ်မံ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အောက်တိုဘာ (၂၃)ရက်က အုပ်စုအဆင့် ပွဲဦးထွက်တွင် လက်ရွေးစင် ယူ-၁၇ အမျိုးသားအသင်းနှင့် ယီမင်အမျိုးသားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ယီမင်အသင်းက ပွဲပြီးဆုံးချိန်တွင် (၆)ဂိုး (၁)ဂိုးဖြင့် အနိုင်ရလဒ်ထွက်ပေါ်ခဲ့သည်။

ထို ပွဲစဉ်အတွင်း မြန်မာအသင်းအနေဖြင့် အနီကတ် တစ်ကြိမ်ပြခံခဲ့ရပြီး ၊ ခြေစစ်ပွဲအောင်မြင်ရန် ယနေ့ ဗီယက်နမ်အသင်းနှင့်ယှဉ်ပြိုင်အပြီး ရလဒ်ပေါ်မူတည်နေကြောင်း သိရသည်။

အာရှ ယူ-၁၇ ခြေစစ်ပွဲ အုပ်စု (I)အတွင်း ဗီယက်နမ်၊ မြန်မာ၊ ကာဂျစ္စတန်နှင့် ယီမင် ယူ-၁၇ အသင်းတို့တစ်အုပ်စုတည်းကျရောက်နေပြီး၊ အောက်တိုဘာ (၂၇) ရက် မြန်မာစံတော် ချိန် မွန်းလွဲ(၃)နာရီခွဲအချိန်၌ ကာဂျစ္စတန်အသင်းနှင့် နောက်ဆုံး ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။

အဆိုပါ ခြေစစ်ပွဲကို အုပ်စု (၁၀) စုခွဲ၍ ကျင်းပလျှက်ရှိပြီး အုပ်စု ပထမရရှိသည့် (၁၀) သင်း၊ အကောင်းဆုံး အုပ်စု ဒု တိယရသည့် (၅)သင်းတို့ ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဆော်ဒီအာရေဗျ နိုင်ငံက အိမ် ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ပုံစာ – အုပ်စုအဖွင့် ယီမင်-မြန်မာ ပွဲစဉ်အတွင်း ပုံရိပ်အချို့


LEAVE A REPLY

Please enter your comment!
Please enter your name here