အမေရိကနှင့်အစ္စရေးကိုယ်စားလှယ်များ ကာတာ၌ ဂါဇာအပစ်ရပ်ရေးဆွေးနွေးမည်

0
22
People inspect destruction next to a partially-collapsed tent shelter in the yard of the Shuhada (Martyrs) school, which was hit by Israeli bombardment, in Nuseirat in the central Gaza Strip on October 24, 2024 amid the ongoing war in the Palestinian territory between Israel and Hamas. (Photo by Eyad BABA / AFP)

ဒိုဟာ၊အောက်တိုဘာ ၂၄

ဂါဇာ၌ အပစ်အခတ်ရပ်စဲရေးနှင့်စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးရန် အမေရိကနှင့်အစ္စရေးကိုယ်စားလှယ်အဖွဲ့များ သည် ဒိုဟာ၌တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ကာတာဝန်ကြီးချုပ်ဖြစ်သကဲ့သို့ နိုင်ငံခြားရေးဝန်ကြီးလဲဖြစ်သည့် ရှိတ်ခ်မိုဟာမဒ်ဘင်အဗ္ဗဒူလာမန်ဘင်‌ဂျေဆင်အယ်လ်သနီက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အမေရိက၊ကာတာနှင့်အီဂျစ်တို့သည် ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးရရှိရန်အတွက် စေ့စပ်ညှိနှိုင်းရန် ဆက်လက်ကြိုးပမ်းနေကြဆဲဖြစ်သည်ဟုလည်း ၎င်းကပြောကြားခဲ့သည်။

“အမေရိကန်ပြည်ထောင်စုက စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဟာ အစ္စရေးဘက်ခြမ်းက စေ့စပ်ညှိနှိုင်းရေးအဖွဲ့နဲ့အတူ ဒိုဟာကိုသွားရောက်မှာဖြစ်ပြီး အပစ်ရပ်ရေးအောင်မြင်မှုရနိုင်မယ့်နည်းလမ်းတွေကို ဆွေးနွေးသွားမှာပါ” ဟု ၎င်းက‌ပြောကြားခဲ့သည်။ သို့သော်ပြီး အချိန်အတိအကျကိုမူ ထည့်သွင်းပြောကြားခြင်းမရှိခဲ့ပေ။

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကမူ သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် အပစ်အခတ်ရပ်စဲရေးစာချုပ်နှင့် ဂါဇာရှိဓ-ါးစာခံများလွှတ်ပေးရေးတို့ကို မကြာမီဆွေးနွေးကြလိမ့်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ မတူညီတဲ့ရွေးချယ်မှုတွေကို ထပ်လုပ်နေပါတယ်၊ဟားမတ်စ်နဲ့တွေ့ဖြစ်မဖြစ် အတိအကျ မဆုံးဖြတ်ရသေးပေမယ့် ပဏာမအနေနဲ့ကတော့ စေ့စပ်ညှိနှိုင်းပေးမဲ့သူတွေ စုစည်းနိုင်ဖို့ပါပဲ” ဟုလည်း၎င်းကဆိုသည်။

မစ္စတာဘလင်ကန်သည် ယမန်နှစ်အောက်တိုဘာကတည်းကဖြစ်ပွားနေသည့် အစ္စရေး – ပါလက်စတိုင်းအရေးနှင့်ပတ်သက်၍ ၁၁ ကြိမ်မြောက်အဖြစ် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိနေခြင်းလည်းဖြစ်သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here