ရွှေဈေးကို ကောလဟာလ သတင်းများဖြင့် လိုသလို ဆွဲတင်နေမှုများကို မယုံရန် YGEA ထုတ်ပြန်

0
20

တရုတ်နယ်စပ်ဂိတ်များ ပိတ်ခြင်းကို အကြောင်းပြု၍ ဒေါ်လာဈေးကစားခြင်းများ ပြုလုပ်နေကာ ရွှေဈေးများကိုလည်း လိုသလို ဆွဲတင်နေမှုများ ရှိနေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က အောက်တိုဘာ (၂၄) ရက်စွဲဖြင့် ထုတ်ပြန်သည်။

ထို့ကြောင့် ကောလာဟလသတင်းများကို ယုံကြည်ကာ အရောင်းအဝယ်မလုပ်ကြရန်နှင့် ရွှေဈေးအား ထိန်းထိန်းသိမ်းသိမ်းရောင်းဝယ်ကြပါရန်လည်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ထုတ်ပြန်ချက်တွင် သတိပေးပြောသည်။

ထုတ်ပြန်ချက်တွင် ကမ္ဘာ့ရွှေဈေး မြင့်တက်နေသောကြောင့် ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်နေသည့် အခြေအနေ၌ အချို့သောအွန်လိုင်း လူမှုကွန်ရက်များမှ ဒေါ်လာဈေးကိုလည်း အောက်တိုဘာ (၂၄) ရက်၌ (၄၇၅၀)ကျပ် အထိ ဆွဲတင်နေပြီး ဒေါ်လာဈေးမတက်လျှင် ရွှေဈေး သိန်း (၈၀)၊ ဒေါ်လာဈေးတက်လျှင် ရွှေဈေး သိန်း(၁၀၀) ဖြစ်မည်ဟု ဆိုကာ ကောလဟလသတင်းများဖြင့် ရွှေဈေးကို ဆွဲတင်နေကြောင်း YGEA ကပြောသည်။

ယနေ့ အောက်တိုဘာ (၂၅) ရက်တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ထုတ်ပြန်ထားသည့် ရွှေဈေးနှုန်းသည် ငါးဆယ့်ခြောက်သိန်းနှစ်သောင်းကျော်ဖြစ်ပြီး ပြင်ပပေါက်ဈေးကတော့ ခြောက်ဆယ့်ခြောက်သိန်းကျော် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here