အိန္ဒိယ၌ ဆိုက်ကလုန်း ခိုလှုံရေးစင်တာရောက် ကိုယ်ဝန်ဆောင် ၁,၆၀၀ မီးဖွားခဲ့

0
19

နူးဒေလီ၊အောက်တိုဘာ ၂၅

အိန္ဒိယနိုင်ငံ၊ဩရိသပြည်နယ်၌ ဆိုက်ကလုန်းဒါနာကြောင့် ယာယီခိုလှုံရေးစင်တာသို့ ပြောင်းရွှေ့နေရသည့် ကိုယ်ဝန်ဆောင်မိခင် ၄,၄၃၁ ဦးအနက် အယောက် ၁,၆၀၀ သည် ကြာသပတေးနေ့တွင် ကလေ-းမွေးဖွားခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

အဆိုပါပြည်နယ်မှလူပေါင်း ၅၈၄,၈၈၈ ဦးကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ပြီး အဆိုပါအရေအတွက်သည် သောကြာနေ့နံနက်တွင် ၆၀၀,၀၀၀ ကျော်အထိတက်သွားနိုင်ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။
“မုန်တိုင်းရှောင်ပြည်သူတွေအနေနဲ့ အစားအစာ၊ ဆေးဝါး၊ရေနဲ့ တခြားလိုအပ်တဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုပါ ထောက်ပံ့ပေးထားတဲ့ ယာယီခိုလှုံရေးစင်တာ ၆,၀၀၈ ခုမှာ ယာယီ‌နေထိုင်နေကြပါတယ်” ဟုလည်းပြောကြားခဲ့သည်။

ဩရိသပြည်နယ်မှ လူပေါင်း ၁၇၂,၉၁၆ ဦးကို ဘေးလွတ်ရာပို့ဆောင်ခဲ့ပြီးနောက်တွင် မာရူဘန်ခရိုင်မှလူ ၁၀၀,၀၀၀ ကိုပါ ဘေးလွတ်ရာပြောင်းရွှေ့ထားကြောင်းပြောကြားခဲ့သည်။ထို့အပြင် ဘက်ဒရက်ခ်မြို့မှလူ ၇၅,၀၀၀ ဦး၊‌ဂျေပူရ်မှ ၅၈,၀၀၀ နှင့် ခန္ဒရာပါရာမှ ၄၆,၀၀၀ ဦးတို့ကိုပါဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည်ဟုဆိုသည်။

လက်ရှိအချိန်တွင် ခိုလှုံရေးစင်တာများမှ မီးဖွားခဲ့သော မိခင်နှင့်ကလေ-းများအားလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိကာ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကလည်း လိုအပ်သည့်ပြုစုကုသမှုများကို ဂရုတစိုက်လုပ်ဆောင်ပေးလျက်ရှိသည်ဟုလည်းသိရသည်။

Source : ဘစ်နစ်စတင်န်းဒတ်


LEAVE A REPLY

Please enter your comment!
Please enter your name here